• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၅-၆-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၄)ထွက်ရှိ

၁၅-၆-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၄)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၄)၌ သူတစ်ပါးအပေါ် မကောင်းကြံတတ်သည့် မြွေပါကို ကိုယ်ချင်းစာစိတ် ဖြစ်စေရန် သင်ခန်းစာ ပေးလိုက်သည့် ယုန်ကလေးတို့အကြောင်း သရုပ်ဖော်ထားသည့် “ဆိုးသွမ်းတဲ့ မြွေပါအတွက် ယုန်ကလေးရဲ့ သင်ခန်းစာ” မျက်နှာဖုံးကာတွန်း၊ ကျွဲရိုင်း၏ ရန်ကို နှိမ်နင်းပေးရန် ကြိုးစားသည့် ဖိုးချွန်း၊ ဝိတ်ပေါနှင့် အသက်မသေဘဲ ရှင်သန်နေသည့် ကျွဲရိုင်းကြီးအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျွဲရိုင်း” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း တက်ညီလက်ညီဖြင့် ကျောက်ခဲလေးများကို ရေအိုးထဲထည့်ကြရာက ရေအိုးထဲက ရေကို သောက်နိုင် ခဲ့ကြသော ဖိုးကဲ၊ အော်အွတ်၊ ဂတ်ဂတ်နှင့် ထိပ်ကွက်တို့အကြောင်း တင်ဆက်ထားသည့် “မခိုမကတ်ကြေး” နှစ်မျက်နှာကာတွန်း၊ သတ္တရှိခြင်းနှင့် မိုက်ရူးရဲဆန်ခြင်းကို ခွဲခြားမသိဘဲ တလွဲ လုပ်ခဲ့မိသော မှုံကြီးအကြောင်း တင်ဆက်ထားသည့် “သတ္တိဆိုတာ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဆရာကြီး ပီမိုးနင်း၏ “တကယ့် လူချွန်” စာအုပ်ကို ပေးဖြစ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် မေမေ့စကားကို လိုက်နာ၍ ရေခဲမုန့်ကို တစ်ဇွန်းပဲ စားမည်ဆိုသော “ဘယ်ကျော်” အကြောင်း သရုပ်ဖော်ထားသည့် မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် ကမ္ဘာပေါ်ရှိ အင်းဆက်မျိုးဆက်တို့၏ ခန္ဓာဗေဒဖြစ်တည်ပုံနှင့် ရှင်သန် နေထိုင်မှုများအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဆရာမကြီး ‌ဒေါ်သန္တာ လင်းပိုင်နှင့် မသန်စွမ်းကလေးများ စာသင်ခန်းမှ ရေသတ္တဝါတို့၏ ဟန်ချက်ညီညီ ကြိုးစား အားထုတ်မှုကြောင့် ရေအောက်ကမ္ဘာကျောင်းကြီးသည် ကမ္ဘာကျော်သွားခဲ့ပုံအကြောင်း ရေးဖွဲ့ထား ပါသည်။ ဝတ္ထုကဏ္ဍတွင် ကစားရာတွင် မိမိအတွက် ဘေးအန္တရာယ်ဖြစ်စေမည့် ကစားနည်းမျိုးကို ရှောင်ရှားပြီး ကိုယ်လက် ကြံ့ခိုင်မည့် ကစားနည်းမျိုးကို ကစားတတ်ရမည်ဖြစ်ကြောင်း တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက် ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဆေးရောင်ခြယ် ကဏ္ဍနှင့် ကျောင်းမှန်မှန်တက်ပြီး စာကို ရည်ရွယ်ချက်ဖြင့်  ဇွဲလုံ့လထား  ကြိုးစားလျှင် အတန်းထဲ၌ ပထမဆုရနိုင်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော) ၏ “ရည်ရွယ်ချက်နဲ့ ကြိုးစားသူ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိမ် ပြောင်းသောအခါ ပစ္စည်းများ သယ်ယူရွှေ့ပြောင်းရာတွင် ရွှေ့ပြောင်းချင်သော ပစ္စည်းနှင့် ရွှေ့ပြောင်းလိုသည့် နေရာကို အပြန်အလှန်မေးမြန်းပြောဆိုပုံအကြောင်း အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • အရောင်းဌာန
  • စာမူများ
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman