• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၈ - ၆ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၃) ထွက်ရှိ

၈ - ၆ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၃) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂၃)၌ နေမင်းနှင့် ရေဘုရင်ကြီးတို့၏ မိတ်ဆွေအချင်းချင်း အပြန်အလှန် အလေးထား ချစ်ခင် ကြပုံကို ရေးဖွဲ့ထားသည့် “သိပ်ချစ်ကြတဲ့ မိတ်ဆွေနှစ်ဦး” မျက်နှာဖုံးကာတွန်း၊ မိမိအပေါ် သူငယ်ချင်း ကောင်း ပီသသော ကံကောင်းကို ဒုက္ခပေးမိ၍ မိမိကိုယ်တိုင် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ဆိုးပေအကြောင်း ကို ရေးဖွဲ့ထားသော “မိတ်ဆွေကောင်း” နှစ်မျက်နှာကာတွန်း၊ မိခင်၏ စကားကို နားမထောင်ဘဲ ခွေးကို ခဲနှင့် ပစ်ရာမှ ခွေးလိုက်၍ ထွက်ပြေးခဲ့ရသော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲနှင့် တန်ပြန် အန္တရာယ်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူအပေါ် စိတ်ကောင်းစေတနာထား၍ မန်ကျည်းပင် သူဌေးဖြစ်သွားသော ကိုကြာအေးအကြောင်းကို ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာ ကာတွန်း၊ မိမိကောင်းစားရေးအတွက် သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော ဖိုးလပြည့်၏ ဦးဦး အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းဖြစ်သူ ဖိုးတစ်တိုကို နောက်ပြောင်ကာ မွေးနေ့ပွဲဖိတ်ခဲ့သော သူ၏ သူငယ်ချင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတကဏ္ဍအနေဖြင့် သမုဒ္ဒရာရေတံခွန်များ ဖြစ်ပေါ်လာပုံအကြောင်းကို ကလေးများ ဗဟုသုတ တိုးပွားစေရန်အလို့ငှာ ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “သမုဒ္ဒရာရေတံခွန်” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာပြင်းထန်စွာရ၍ ခြေထောက်ဖြတ်ကာ ခြေတု တပ်ထားရသော်လည်း ဘဝအတွက် ရည်မှန်းချက်ကြီးမားသော နန်းထွေးလေးအကြောင်းကို ရေးဖွဲ့ထားသည့် “စိတ်ဓာတ်ခွန်အား ကြီးသူလေး” ဝတ္ထုနှင့် ဖခင်၏ ဆုံးမမှုကြောင့် လုပ်အားတန်ဖိုးကို နားလည်သဘောပေါက်ကာ လက်တွေ့လိုက်နာကျင့်သုံးခဲ့၍ ကောင်းကျိုးများ ရရှိခဲ့သော သူဌေးသားလေး အကြောင်းကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “အလုပ်ကြိုးစားတဲ့ သူဌေးသား”  ပုံပြင်တို့လည်း ပါဝင်ပါ သည်။ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”၊  ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ပါဝင်သော “ကလေးတို့အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” အတွက် ကလေးများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် နှိုးဆော်သည့် ကြော်ငြာနှင့် ကလေးများအနေဖြင့် ပညာ သင်ကြားရန် လိုအပ်ပုံနှင့် ပညာ၏ အရေးပါမှုကို ရေးဖွဲ့ထားသည့် “ကျောင်းပညာက ဘဝအရေး” ကဗျာ တို့ကို ပါဝင်ပါသည်။

အင်္ဂလိပ်စာသင်ခန်းစာသင်ခန်းစာအနေဖြင့် “Useful Everyday Idioms” ခေါင်းစဉ်ဖြင့် စာမှန်မှန် မရေး၍ စိတ်ဆိုးနေသည့် အစ်ကိုဖြစ်သူကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြရန် တိုက်တွန်းပြောဆိုပုံ Idioms အချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • စာပေဗိမာန်
  • စာအုပ်များ
  • အခမ်းအနားများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman