• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၁ - ၁၀ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၂) ထွက်ရှိ

၂၁ - ၁၀ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၂)၌ သူငယ်ချင်းအချင်းချင်း အင်္ဂလိပ်ဝေါဟာရများကို ပဟေဠိဝှက်တမ်း ကစား ခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ကာ ဗဟုသုတ ပိုမိုကြွယ်ဝလာနိုင်ကြောင်း တင်ဆက်ထားသည့် “ပ‌ဟေဠိ ဝှက်ကြမယ်” မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏ဥများပျောက်သွားမည်ကို စိုးရိမ်ကြောင့်ကြဖြစ်နေသော မြွေမကြီးသည် မိမိ၏ ဒေါသကြောင့် ကျေးဇူးရှင်အပေါ် ပြစ်မှားမိပုံနှင့် သူတစ်ပါးကို ဒုက္ခမပေးဘဲ မိမိ၏ကျေးဇူးကို သိမြင်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သော ဉာဏ်ပညာကြီးမားသည့် လယ်သမားတို့အကြောင်းကို  တင်ဆက်ထားသည့် “ကျေးဇူးတရား” နှစ်မျက်နှာကာတွန်း၊ လမ်းသွားရာ၌ ဖြစ်စေ၊ အခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာ၌ဖြစ်စေ အသိ၊ သတိဖြင့် လုပ်ဆောင်သင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် “ဖြိုးရဲ- ဦးဖိုးရှုပ်ရဲ့ သတိ” နှစ်မျက်နှာကာတွန်း၊ သရဲခြောက်ခံရ သော်လည်း ဉာဏ်ပညာသုံးကာ ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချခဲ့သော ဆရာ ဦးအောင်ကြီးအကြောင်းကို ရေးဖွဲ့ထား သည့် “ဝက်ဖြစ်သွားသော သရဲ” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောဆိုတတ်သော ဟန်သီမအကြောင်းကို ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာ ကာတွန်းနှင့် ဆရာမပေးလိုက်သော အိမ်စာကိုမလုပ်ဘဲ ဂိမ်းကစားနေသော ပေါတောလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ပေါတောလေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် ဝယ်လိုအားနှင့် သက်ဆိုင်သည့် စီးပွားရေးပညာဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန်အလို့ငှာ တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ မိမိ၏မိတ်ဆွေကို ဆင်းရဲဒုက္ခမဖြစ်စေရန် လမ်းညွှန်ကူညီ ပေးခဲ့ရုံသာမက မိတ်ဆွေ ဒုက္ခရောက်သည့်အခါ၌လည်း ကူညီပေးခဲ့သော ကဏန်း၏ မိတ်ဆွေပီသသည့် စိတ်ရင်းကို သိရှိသွားသော ဖားလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ချောင်းထဲက ဖားလေး” ပုံပြင်နှင့် သူငယ်ချင်းဖြစ်သူ ဝင်းညွန့်ကို သူငယ်ချင်းကောင်းပီသစွာဖြင့် လမ်းမှန်သို့ရောက်အောင် ပို့ဆောင်‌ပေးခဲ့ သော စိုးနိုင်အကြောင်းကို ရေးဖွဲ့တင်ဆက်ထားသည့် “ထာဝရသူငယ်ချင်း” ဝတ္ထုတို့ကို တင်ဆက်ထား ပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးတွင် လွယ်အိတ်ပျောက်၍ ငိုနေသော ဖြိုးရဲကို သူ၏လွယ်အိတ် ရှိရာသို့ ကူညီပို့ဆောင်ပေးနိုင်မည့် “ဉာဏ်စမ်း”၊ ရွှေသွေးဂျာနယ်အထူးထုတ်(၂၀၂၄) တွင် ထည့်သွင်း ဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ¬¬¬ဖိတ်ခေါ်သည့် “‌‌ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း” ကဏ္ဍနှင့် ဝါလကင်းလွတ်ချိန်တွင် ကျရောက်သည့် သီတင်းကျွတ်မီးထွန်းပွဲ အကြောင်းကို သုတရသစုံလင်စွာ စပ်ဆိုထားသည့် “ဆီမီးထွန်းပွဲ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာအနေဖြင့် ပါတီပွဲ တစ်ပွဲသို့ သွားမည့် အမျိုးသားနှင့် အမျိုးသမီးတို့ အပြန်အလှန် ပြောဆိုကြပုံကို ဝါကျပုံစံအမျိုးမျိုးဖြင့် လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • ရွှေသွေး
  • စာမူများ
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
books
  • ၂၈-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၆) e-book ထွက်ရှိ

    01-Jul-2025
  • ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    27-Jun-2025
  • ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    27-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman