• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၃၀ - ၉ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၉) ထွက်ရှိ

၃၀ - ၉ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၉) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၃၉)၌ လူကြီးသူမ၏ ဆုံးမစကားကို နာယူကာ လိုက်နာကျင့်သုံးသဖြင့် ကောင်းကျိုး များကို ခံစားခဲ့ရသော မောင်သစ္စာလေးအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “မေတ္တာအစွမ်း” မျက်နှာဖုံးဇာတ်လမ်း၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရားထားရှိကာ သင့်သင့်မြတ်မြတ် နေထိုင်ပါက နှစ်ဦးစလုံးတွင် အကျိုးရှိနိုင်ကြောင်းကို တင်ဆက်ထားသည့် “အမွေ” နှစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့် တစ်ဦး မာနပြိုင်ကြရာမှ နှစ်ဦးစလုံး ပျက်စီးမှုများနှင့်သာ ကြုံတွေခဲ့ရသော ပေါက်ဖတ်နှင့် နွားပျိုပေါက် လေးတို့အကြောင်းကို တင်ဆက်ထားသည့် “မာနကိုယ်စီ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်တိုင် မကျွမ်းကျင်သည့်အလုပ်ကို လုပ်ဆောင်မိ၍ ဒုက္ခရောက်ခဲ့ရသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထား သည့် “မျောက်လေးရဲ့ငါးဖမ်းခြင်း” နှစ်မျက်နှာကာတွန်း၊ မည်သည့်အရာမဆို ကြိုးစားအားထုတ်ပါက အောင်မြင်နိုင်ကြောင်းကို ဖိုးတစ်တို၏ သူငယ်ချင်းနှင့် ဥပမာပေးကာ တင်ဆက်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းနှစ်ယောက် တစ်ဦးနှင့်တစ်ဦး အကြွားပြိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းကျော်ကိုကို၏ “အကြွားပြိုင်မယ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

ကလေးများအား စီးပွားရေးနှင့်သက်ဆိုင်သည့် ဗဟုသုတတိုးပွားစေရန် ကုန်ထုတ်စွမ်းအားစုများ အကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို တင်ဆက်ထားပါ သည်။ မနာလိုဝန်တိုစိတ်ထားကာ သူတစ်ပါးကို အကျိုးယုတ်စေရန် ဆောင်ရွက်ပါက မိမိတွင်လည်း ဒုက္ခ နှင့် ကြုံတွေ့ရနိုင်ပုံကို တင်ဆက်ထားသည့် “မှန်ကန်သောဆုံးဖြတ်ချက်”ဝတ္ထုနှင့် သူတစ်ပါးပြောဆိုသည့် စကားများကို မှတ်သားကာ လိုက်နာရမည့်အချက်များရှိပါက လိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် စုဆောင်းသင့်သည့်အရာများကို အချိန်မီစုဆောင်းထားမှသာ မိမိလိုအပ်သောအချိန်တွင် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း  တင်ဆက်ထားသည့် “တန်ဖိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ”နှင့် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ထည့်သွင်းဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း”၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ပဒိုင်းသီးနှင့် ဥပမာပေးကာ တင်ဆက်ထားသည့် “ပန်းရိုင်းတော်လှန်ရေး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် Reply Questions များအကြောင်းကို ဥပမာဝါကျများနှင့် လေ့လာ နိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • ရွှေသွေး
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman