• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၆ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၉) ထွက်ရှိ

၁၆ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၉) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၉)၌ ကလေးတို့အနေဖြင့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို အကျိုးအကြောင်းဆက်စပ်၍ ဆင်ခြင်ဆုံးဖြတ်နိုင်စေရန် တင်ဆက်ထားသည့် “ခရေပန်းကောက်ကြမယ်” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် မိမိတို့တွင် ကျရောက်လာမည့်အန္တရာယ်ကို ကာကွယ်နိုင်ရန် ကိုယ်ခံပညာကို သင်ယူထားသင့်သော်လည်း သူတစ်ပါးအပေါ် အနိုင်မကျင့်သင့်ကြောင်းကို တင်ဆက်ထားသည့် “ဖြိုးရဲနှင့် ကိုယ်ခံပညာ” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးသည် သူငယ်ချင်းများနှင့် သူခိုးနှင့် ပုလိပ်လုပ်တမ်းကစားရာ၌ သူ့ကို သူခိုးလုပ်ခိုင်း၍ အိမ်ပြန်ကာ ဦးလေးလုပ်သူ ဖတ်ပြသော ပုံပြင်ကိုသာ နားထောင်တော့မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကစားလိုက် အိမ်သို့ပြန်ကာ အစားစားလိုက်နှင့် အလုပ်မလုပ်ဘဲ အချိန်ကုန်နေသော အာဘွားကို သူ၏မိခင်က မိဘ လုပ်စာ ထိုင်စားနေသည်ဟု ပြောသည်ကို သူ၏သူငယ်ချင်းနှင့် ပြန်လည်ပြောဆိုပုံကို ဟာသဖြစ်ဖွယ် တင်ဆက် ထားသည့် ကာတွန်းသိက္ခာ၏ "မိဘလုပ်စာကို ထိုင်မစားတော့ပါ" နှစ်မျက်နှာကာတွန်းနှင့် မိမိ၏ ထင်မြင်ယူဆချက် ဖြင့် ဆောင်ရွက်ပါက အမှားကြုံတွေ့နိုင်ပုံကို တင်ဆက်ထားသည့် “ဆေးဆရာဦးအောင်ကြီး” တစ်မျက်နှာကာတွန်း တို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများသည် မမေ့အပ်သည့် ကျေးဇူးရှင်များ ဖြစ်ကြောင်းကို တင်ဆက်ထားသည့် “အာဇာနည်နေ့ တို့မမေ့” သုတဆောင်းပါးကို တင်ဆက်ထား ပါသည်။  ဘောလုံးကစားရာ၌ ပြိုင်ဘက်အသင်းနှစ်သင်းလုံးက အနိုင်ယူလိုသော်လည်း အသင်းတစ်သင်းက အနိုင်ရ ၍ ကျန်အသင်းတစ်သင်းက ရှုံးနိမ့်မည်ဖြစ်ရာ ၎င်းအရှုံးကို ကျေကျေနပ်နပ်ဖြင့် လက်ခံသင့်ကြောင်းကို တင်ဆက်ထားသည့် “အပြုံးနှင့်အနိုင်” ဝတ္ထုနှင့် အပေါ်ယံအလှအပများဖြင့် မာန်တက်ကာ သူတစ်ပါးကို ကဲ့ရဲ့တတ်သော အကျင့်ကြောင့် နောင်တရသွားသော နှင်းဆီပန်းလေးနှင့် သူတစ်ပါး၏အခက်အခဲကို ကူညီတတ်သော ရှားစောင်း လက်ပပ်ပင်လေးတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ဘဝင်မြင့်တဲ့ နှင်းဆီပန်းလေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို မိမိတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ရအောင်” ဉာဏ်စမ်းနှင့် အာဇာနည်နေ့နှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးတို့ကို မမေ့သင့်ကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် “အာဇာနည်နေ့” ကဗျာနှင့် “အာဇာနည်ကြီးများ” ကဗျာတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Adjective (နာမဝိသေသန) များ၏ အသုံးအနှုန်းနှင့် ဝါကျများတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာမူများ
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman