ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၉) ၌ သားသမီးများသည် မိဘ၏သွန်သင်ဆုံးမမှုကို နာယူကာ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်၍ ပီတိဖြစ်ရပုံကို ကလေးများအတုယူဖွယ် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက် ထားပါသည်။ ကလေးများအနေဖြင့် ဆော့ကစားပြီး သော အမှိုက်များကို အမှိုက်ပစ်သည့် နေရာတွင် စနစ်တကျ ပစ်သင့်ပုံနှင့် အဆော့မက်၍ မိဘများအလုပ်ကို အနှောက်အယှက် ဖြစ်စေပုံတို့ကို ဟာသပုံစံဖြင့် နှစ်မျက်နှာဇာတ်လမ်းတွင် ဖတ်ရှုရမည်ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ကျောင်းသားများ၏ စုံညီပွဲတော်အတွေ့အကြုံများကို ဝိုင်းဖွဲ့ ပြောဆိုပုံဖြင့်လည်းကောင်း၊ ပုံပြင်ကဏ္ဍတွင် အရာရာကို စူးစမ်းဆင်ခြင်၍ လုပ်ဆောင်သင့်ပုံကို လည်းကောင်း တင်ဆက်ထားပါသည်။ ထို့အပြင် မတ်လအတွင်း မှတ်သားဖွယ်ရာနေ့များကိုလည်း ကလေးများ ဗဟုသုတ တိုးပွားစေရန် ရေးဖွဲ့ထားပြီး ကလေးများစိတ်ကြိုက် ဆေးပန်းချီခြယ်သ နိုင်မည့် ဆေးရောင်လှလှခြယ်ကြရအောင် ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းတွင် 'Expressing surprise and one's opinion' ခေါင်းစဉ်ဖြင့် မိမိ၏အံ့သြမှု၊ ယုံကြည်မှု၊ မယုံကြည်မှုနှင့် ထင်မြင်ချက်ဆိုင်ရာ အသုံးအနှုန်း အမျိုးမျိုးနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Need' ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးတို့ကို ဖော်ပြထားပါသည်။ ထို့အပြင် ဖတ်မှတ်လေ့လော ဝေါဟာရကမ္ဘာကဏ္ဍတွင် လူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်း တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။