ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၂) တွင် အမြင်မှန်ရသွားသူလေး မျက်နှာဖုံးဇာတ်လမ်း၊ မိမိတို့၏အစွမ်းကို ပြခွင့်ရလို့ ပျော်ရွှင်နေတဲ့ မောင်ကြေးပူနှင့် မမီးဖိုတို့အကြောင်းနှင့် သတ္တိနဲ့ ဉာဏ်ပညာတို့ကြောင့် အောင်ပွဲရသွားတဲ့ ပြကွက်ကလေးအကြောင်းကိုရေးဖွဲ့ထားတဲ့ နှစ်မျက်နှာဇာတ်လမ်းနှင့် ရန်ပိုင်စိုး ပါ၀င်တဲ့ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားရာ ကလေးများ နှစ်သက်မည် ဖြစ်ပါသည်။
သုတရသကဏ္ဍအနေဖြင့် ''ရေးတော့ အမှန်၊ ဖတ်တော့ အသံ'' ဆောင်းပါးနှင့် အများအကျိုး သယ်ပိုးချင်တဲ့ သူငယ်ချင်းတစ်စုတို့၏ အကြောင်းကို ရေးဖွဲ့ ထားတဲ့ ကလေး၀တ္ထုတို့ကို ကလေးများ ဗဟုသုတရစေရန်နှင့် စိတ်အပန်းပြေဖတ်ရှုနိုင်ရန် ဖော်ပြထားပါသည်။ အထူးကဏ္ဍ အနေဖြင့် ပြည်သူပြည်သား များ စောင့်ထိန်းရမည့် ပြည်သူ့နီတိနှင့် လူမှုကျင့်၀တ်နှင့် စည်းကမ်းများ ဆိုင်ရာ လောကနီတိတို့ကို တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရေးအသားနှင့် စကားပြောတိုးတက်စေရန် ယခုတစ်ပတ်တွင် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါသည်။ ယနေ့ကာလတွင် အင်္ဂလိပ်စာနှင့် စကားသည် အရေးပါလှပေရာ ကလေးတို့ အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်စေရန် အတွက် တစ်စုံတစ်ခုသည် အရေးမကြီး၊ အရေးမပါ၊ ဂရုစိုက်စရာ မလိုကြောင်းကို 'Saying something is not important and other expressions' ခေါင်းစဉ်ဖြင့် နမူနာဝါကျများနှင့် လေ့ကျင့်ရန်ဝါကျများကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ တွင် Tell ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါ စည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများကို နမူနာဝါကျများ၊ ရှင်းလင်းချက်များနှင့် လေ့ကျင့်ရန်ဝါကျတို့ကို ပြည့်ပြည့်စုံစုံတင်ဆက်ထားရာ ကလေးတို့ အတွက် အကျိုးရှိမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။