ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၄) ၌ 'ဖိုးချွန်းနှင့် ဝိတ်ပေါတို့ ပါ၀င်သော သက်သတ်လွတ်ဟင်းလျာ'မျက်နှာဖုံး ဇာတ်လမ်း၊ အသိဉာဏ်မဲ့၍ အတုခိုးမှားသော မြည်းနှစ်မျက်နှာ ဇာတ်လမ်း၊ ခေတ်သစ်ယုန်နှင့် လိပ်နှစ်မျက်နှာဇာတ်လမ်း၊ မေ့တတ်သည့် ဘိုးဘိုးနှင့် ဘယ်ကျော်တစ်မျက်နှာ ဟာသဇာတ်လမ်းများကို တင်ဆက်ထားပါ သည်။
ရွှေသွေးသုတကဏ္ဍတွင် မိမိတို့သွေးဖြင့် အသက်ကယ်ပေးချင်သော်လည်း သွေးအမျိုးအစားကို မစစ်ဆေးထားမိ၍ သူငယ်ချင်းဖြစ်သူ အသက်ဆုံးရှုံး သွားရပုံကို ရေးဖွဲ့ထားပြီး ကလေး၀တ္ထုတွင် စာပေရေချမ်းစင်မှရရှိသည့် ဗဟုသုတဖြင့် ဖေဖေ့အတွက် လက်ဆောင်ပေးချင်သည့် သားလိမ္မာလေး အကြောင်း ဖော်ကျူးထားပါသည်။ ထို့ပြင် အထင်ကရစေတီပုထိုးများ၊ သာသနိက အဆောက်အဦများ၊ သမိုင်း၀င်နေရာဌာနများ ပြည့်နှက်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး အကြောင်းလည်း ဖတ်ရှုရမည်ဖြစ်၍ ကလေးများ နှစ်သက်မည်ဖြစ်ပါသည်။
ကလေးတို့အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍတွင် P နှင့် စသည့် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို ရုပ်ပုံနှင့်တကွ ဖော်ပြ ထားပြီး အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် တစ်စုံတစ်ယောက် ခွင့်တောင်းခြင်းကို လက်ခံပုံ၊ တစ်ခုခုနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ် ခြင်းကို ပြောဆိုပုံစသည်တို့နှင့် စပ်လျဉ်း၍ ''Agreeing to a request and expressing disappointment" ခေါင်းစဉ်ဖြင့် တင်ဆက်ထားသည်။ ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် "Seem" နှင့်သက်ဆိုင်သော သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများ၊ ဥပမာ ဝါကျများ စသည် ဖြင့် ဝေဝေဆာဆာ တင်ပြထားရာ ကလေးများအကြိုက်တွေ့မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။