ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလ ၂၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၁) ၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့အပြင် ခွန်းအားရှိသူထက် ဉာဏ်စွမ်းရှိသူက အားသာသည့် နှစ်မျက်နှာဇာတ်လမ်းကိုလည်း ကလေးများ အကြိုက်တွေ့ဖွယ် တင်ဆက်ထားပါ သည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပြီး ကလေးပုံပြင် ကဏ္ဍတွင် ကတိတစ်လုံးအရေးကြီးပုံကို ပုံဖော်ထားသည့် တံငါသည်လေးတစ်ဦး အကြောင်း ဖတ်ရှုရပါမည်။ ကလေးများ စိတ်ရွှင်လန်းစေမည့် ကာတွန်းပုံအဆင့်ဆင့်ရေးဆွဲခြင်း ကဏ္ဍနှင့် ရောထွေးနေသောပုံများထဲမှ ပုန်းကွယ်နေသော အရာများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေ တတ်စေမည့် ကဏ္ဍလည်း ပါ၀င်ပါသည်။
ကလေးတို့ အင်္ဂလိပ်စကားလုံးြွကယ်၀စေမည့် ဖတ်မှတ်လေ့လော၀ါဟာရကမ္ဘာကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ ရွှေသွေးစကား၀ိုင်းကဏ္ဍတွင် ငြင်းဆိုပုံနှင့်ပတ်သက်သော စကားအသုံး အနှုန်းများကို 'Saying no in answer to a question and other expressions' ခေါင်းစဉ်ဖြင့် ဝေဝေဆာဆာ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ ကောင်းမွန်စေရန် သဒ္ဒါကဏ္ဍတွင် 'Put' ၏ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများကို လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။