ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၀) ၌ နတ်ဆေးရှာပုံတော် မျက်နှာဖုံးဇာတ်လမ်း၊ ခန္ဓာကိုယ်အနေအထား မည်သို့ပင်ရှိစေ ကိုယ်စီပိုင်ဆိုင်သောစွမ်းအားကို ထိရောက်စွာ အသုံးပြုသောကြောင့် အသက်ဘေးမှ လွတ်ကင်းပုံနှစ်မျက်နှာဇာတ်လမ်းနှင့် ဖိုးလပြည့်ပါ၀င်သည့် အစာအဆိပ်သင့်စေတတ်သော အပြုအမူများ နှစ်မျက်နှာဇာတ်လမ်းတို့ကို ရှုစားရမည်ဖြစ်ပါသည်။
ရွှေသွေးသုတကဏ္ဍတွင် ပရဟိတလုပ်ငန်းများ၏ရှေ့ဆောင် မွန်မြတ်သောကြက်ခြေနီ အသင်းကြီး ကိုပေါ်ပေါက်စေသူ ဟင်နရီဒူးနန့်အကြောင်းကို တင်ဆက်ထားပြီး ပညာပြည့်၀သော မင်းတိုင်ပင် အမတ်ကြီးနှင့်လိမ္မာပါးနပ်သော တပည့်မောင်သီလတို့ပါ၀င်သည့် ဆရာကောင်းနှင့် တပည့်ကောင်း ကလေး၀တ္ထုတို့ကိုလည်း ကလေးများနှစ်ခြိုက်ကြလိမ့်မည်ဖြစ်ပါသည်။ ၎င်းအပြင် ရှမ်းပြည်နယ် အကြောင်း ဗဟုသုတရဖွယ်ရေးသားထားသည့် သာယာ အေးချမ်း ရှမ်းတောင်တန်းကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။
ကလေးတို့အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူ ဆောင်ရွက် ပုံကြိယာအချို့ကို ပုံနှင့်တကွ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် ''expressing suggessions, no-need to hurry etc" ခေါင်းစဉ်ဖြင့် ''တစ်စုံတစ်ယောက်ကို ဘာလုပ်သင့်တယ် ဆိုတာ အကြံပေးပြောဆိုပုံ၊ တစ်ခုခုကို အလောတကြီး လုပ်စရာမလိုကြောင်း ပြောဆိုပုံအမျိုးမျိုး'' တို့ကိုတင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'place' ၏ သုံးနှုန်းပုံအမျိုးမျိုးကို ဖော်ပြထားရာ ကလေးတို့နှစ်သက်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။