ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလ ၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၈) ၌ အတွင်းလူကိုမချီးမြှောက်ဘဲ အပြင်လူကိုသာချီးမြှောက်သောကြောင့် အရေးကြုံလာချိန်တွင် စစ်ရှုံးနိမ့်ခဲ့ရပုံကို မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ သဘာ၀ကပေးသော အကျိုးတရားများကို ပုံဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ဘ၀ရပ်တည်ချက် ကောင်းမွန်စေရန် စာကြိုးစားသင့်ကြောင်း ပညာပေးထားသည့် နှစ်မျက်နှာ ဇာတ်လမ်းတို့ကို ဖတ်ရှု ရမည်ဖြစ်ပါသည်။ ထို့အပြင် ပူးပုံပါ၀င်သော တစ်မျက်နှာဟာသ ဇာတ်လမ်းတိုလည်း ပါဝင်ပါသည်။
ရွှေသွေးသုတကဏ္ဍတွင် ကျန်းမာရေးနှင့်ညီညွတ်သော မြန်မာကလေးကစားနည်းများ အကြောင်း ကိုဖတ်ရှုရမည်ဖြစ်ပါသည်။ ကလေး၀တ္ထုကဏ္ဍတွင် လမ်းမပေါ်၌ဦးတည်ရာရှိသကဲ့သို့ ပညာရေး လမ်းခရီးတွင်လည်း ရည်မှန်းချက်ပန်းတိုင်ထားရန်လိုအပ်ကြောင်း အသိပညာပေးထား ပါသည်။ မေလ အတွင်း မှတ်သားဖွယ်ရာနေ့များအကြောင်းကို ဖတ်ရှုခြင်းဖြင့်လည်း ကလေးတို့ ဗဟုသုတ တိုးပွားနိုင်မည်ဖြစ်ပါသည်။
ကလေးတို့အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူ ဆောင်ရွက်ပုံကြိယာအချို့ကို အဓိပ္ပာယ်နှင့်တကွ နမူနာဝါကျ များဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ် စကားဝိုင်းကဏ္ဍတွင် ''Expressing one's sadness, desire to be included in an activity" ခေါင်းစဉ်ဖြင့် တစ်စုံ တစ်ယောက်ကို အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ ပြောဆိုသည့်အခါ စိတ်အနှောင့်အယှက်မဖြစ်စေရန် ရှေ့တွင်စကားခံပြီး ယဉ်ကျေးစွာပြောဆိုပုံ အမျိုးမျိုးတို့ကို တင်ဆက် ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'other' ၏သုံးနှုန်းပုံ အမျိုးမျိုးကို ဖော်ပြထားရာ ကလေးများကြိုက်နှစ်သက် မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။