ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၇) ၌ သူတစ်ပါးအပေါ်စိတ်ထားကောင်းဖြင့် ကူညီ၍ မိမိတွင်လည်း အကျိုးများရရှိပုံကို မျက်နှာဖုံး ဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ မိမိ၏တစ်ကိုယ်ရေသန့်ရှင်းမှုကိုသာမက ပတ်၀န်းကျင်သန့်ရှင်းရေး အတွက်ပါ လိုက်နာကျင့်သုံး တတ်စေရန်နှင့် မိဘနှင့် အခြားသူ တို့ကို ကူညီခြင်း ဖြင့် ပျော်ရွှင်မှုရရှိခဲ့ပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းတို့ကိုလည်း ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် တန်ခူးလသင်္ကြန်အခါကို ဝိုင်းဖွဲ့ပြောဆိုပုံဖြင့်လည်းကောင်း၊ ပုံပြင်ကဏ္ဍ တွင် သူတစ်ပါးစကားကို ယုံမှားမိ၍ ဒုက္ခရောက် မည့်ဆဲဆဲ ဖြစ်ခဲ့သည့် ယုန်ကလေး ၏အဖြစ်ကို လည်းကောင်း ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကလေးများ ပျော်ရွှင်ဖွယ် စက္ကူခေါက် ကစားနည်း လည်း ပါရှိပြီး ရုပ်ပုံ ကားချပ်နှစ်ခုထဲမှ မတူညီသောအချက်ကလေးများကို ရှာဖွေ၍ ကလေးများ ၏ဉာဏ်ထက်မြက်မှုကိုလည်း ပြသနိုင်မည် ဖြစ်ပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် လူ့အသုံးအဆောင်ပစ္စည်းအချို့ကို အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ထို့အပြင် အင်္ဂလိပ် စကားဝိုင်းကဏ္ဍ၌ 'Saying that something will happen soon and other expression' ခေါင်းစဉ်ဖြင့် တစ်စုံတစ်ခုသည် မကြာမီဖြစ်လိမ့်မည်၊ လုပ်ဆောင်မှုတစ်ခုသည် မပြီးဆုံးသေးသော်လည်း အခြေအနေကောင်း ဖြစ်နိုင်သည်ဟု ပြောဆိုပုံ နှင့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'Or' ၏ သုံးနှုန်းပုံအမျိုးမျိုးကို ဖော်ပြထားရာ ကလေးများအကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။