ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၅) ၌ သင်္ကြန်ပွဲတော်တွင် ပျော်ပျော်ပါးပါးရိုးရာမပျက်ရေကစားသင့်ပုံကို မျက်နှာဖုံးနှင့် နှစ်မျက်နှာဇာတ်လမ်း တို့တွင် တင်ဆက်ထားပါသည်။ ထို့အပြင် အစားအစာ စားသုံးရာ၌ အသားနှင့် ဟင်းသီးဟင်းရွက်ကို မျှမျှတတ စားသုံးသင့်ပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းလည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် တိုင်းရင်းသားရိုးရာဓလေ့များနှင့် ပန်းဆယ်မျိုးအကြောင်းကို ဝိုင်းဖွဲ့ ပြောဆိုပုံဖြင့် တင်ဆက်ထားပြီး ဥသြငှက်လေး ဘာကြောင့်ဖော်ကွာဝေး၍ အလွမ်းတေးသီကြူးနေသည်ကို ဇာတ်ညွှန်းထားသည့် ပုံပြင်ကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့်ပတ်သက်၍ လေ့လာဖတ်ရှု နိုင်ရန် ရခိုင်ပြည်နယ်အကြောင်းကိုလည်း ကလေးတို့အတွက် တင်ဆက်ထားပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် အင်္ဂလိပ်စကားပြောကဏ္ဍ၌ 'Expressing one's objection, unlikelihood, encouragement, etc' ဟူသော ခေါင်းစဉ်ဖြင့် အကြောင်းအရာတစ်ခုခု နှင့် ပတ်သက်၍ ငြင်းခုံခြင်း၊ ဖြစ်နိုင်ခြေမရှိပုံကို ပြောဆိုခြင်း၊ အားပေးစကားပြောဆိုခြင်းတို့ကို လည်းကောင်း၊ အင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'On' ၏ အသုံးပြုပုံအမျိုးမျိုးကိုလည်းကောင်း ဖတ်ရှုနိုင်မည် ဖြစ်ရာ ကလေးများ ကျေနပ် နှစ်သက်ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။