ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၄) ၌ နှစ်ဦးကိုကောင်းမွန်စွာကြိုဆိုသင့်ပုံကို ရေးသားထားသည့် မျက်နှာဖုံး ဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ ပိန်သေး၏ 'ခွေးအိမ်လေး' နှင့် ကိုလာ၏ 'အဓိပ္ပာယ်ရှိသည့် မွေးနေ့' နှစ်မျက်နှာဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
အသိပညာဗဟုသုတပေးရေးဖွဲ့ထားသည့် ''အတာကူးတဲ့လတန်ခူး'' အကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ဖော်ပြထားပါသည်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဟူသည် ကောင်းမွန်သည့် လုပ်ရပ်များကိုသာ အကူအညီပေးသင့်ကြောင်း ရေးဖွဲ့ထားသည့် ကလေး၀တ္ထုကိုလည်း ဖတ်ရှုရမည် ဖြစ်ပါသည်။ လိုက်နာ ကျင့်ကြံရမည့် ပြည်သူ့နီတိ၊ လောကနီတိနှင့် ကလေးများ ကိုယ်တိုင်ရေးဆွဲ၍ ထွက်ပေါ်လာသည့် ပုံဆွဲ အစီအစဉ်တို့ကိုလည်း ကလေးများကြိုက်မည်ဖြစ်သည်။
အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် တစ်ဦးတစ်ယောက်က ပြောလိုက်သည့်စကားကို သဘောတူလက်ခံခြင်း၊ တစ်စုံ တစ်ခုသည် အံ့သြတုန်လှုပ်စရာကောင်းခြင်း စသည်တို့နှင့် ပတ်သက်၍ သုံးနှုန်းပြောဆိုသော ''Expressing agreement, unlikelihood, shock, etc" အကြောင်းနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "of" ၏သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံများကောင်းမွန်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။