ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၂) ၌ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲကာလအတွင်းက မြန်မာသူရဲကောင်း စစ်သူကြီးမဟာဗန္ဓုလနှင့် မဟာသီဟ သူရဘွဲ့ခံမြ၀တီမင်းကြီးဦးစတို့၏ သမိုင်း၀င်ခဲ့သော တိုက်ပွဲတစ်ခုအကြောင်း ရေးသားထားသည့် မျိုးချစ်စိတ်ထက်သန်စေမည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ငွေကြေး လှူဒါန်းမှုတွင် နာမည်ကမ္ပည်းထိုးလိုသူ ကိုပေါအကြောင်းနှင့် မိဘစကားနားထောင်ပါက ဘေးအန္တရာယ်ကင်းနိုင်ကြောင်း အသိပညာပေး နှစ်မျက်နှာ ဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
အသိပညာဗဟုသုတပေးရေးဖွဲ့ထားသည့် ''တပ်မတော်နေ့'' အကြောင်းကို သုတဆောင်းပါး ကဏ္ဍတွင် ဖော်ပြထားပါသည်။ ဒေ၀ဓမ္မ တရားနှစ်ပါး ဖြစ်သည့် မဟုတ်မမှန်သည်ကိုပြောရလုပ်ရမည်ကို ရှက်သင့်၊ ကြောက်သင့်ကြောင်း ဆိုဆုံးမထားသည့်ကလေး၀တ္ထုကိုလည်း စိတ်၀င်စားဖွယ်ဖတ်ရှုနိုင် မည်ဖြစ်ပါသည်။ ကာတွန်းပုံအဆင့်ဆင့်ဆွဲကြသည့် အစီအစဉ်နှင့် ပုံထဲတွင်ရောနေသော ပစ္စည်းပျောက်ရှာဖွေသည့် အစီအစဉ်တို့သည်လည်း ကလေးများ အကြိုက်ဖြစ်ပေလိမ့်မည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကား၀ိုင်းကဏ္ဍတွင်တစ်စုံ တစ်ခု နားမလည်ခြင်းကို ပြောဆိုပုံ၊ တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခုကို မနှစ်မြို့ကြောင်း ပြောဆိုပုံ၊ တစ်ခုခုကို အလွန်အလိုရှိကြောင်း ပြောဆိုပုံတို့နှင့် ပတ်သက်၍ သုံးနှုန်းပြောဆိုသော ''Expressing one's ignorance, dislike and ardent desire" အကြောင်းနှင့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် "not" ၏သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံများ ကောင်းမွန်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။