ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၁) ၌ ပတ်၀န်းကျင်ဒေသန္တရကိုလိုက်၍ ဆင်သတ္တဝါတို့ ပြောင်းလဲပုံအဆင့်ဆင့်ကို ကလေးများ ဗဟုသုတ တိုးပွားစေရန် မျက်နှာဖုံးဇာတ်လမ်း ဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် တိရစ္ဆာန်တို့ကို သနားကြင်နာသင့်ပုံနှင့် သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းသည် အကုသိုလ်ကံဖြစ်စေပုံကို ကလေးများ အတုယူဆင်ခြင်နိုင် မည့် နှစ်မျက်နှာ ဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''အရမ်း အရမ်းရှောင်ကြစမ်း'' ခေါင်းစဉ်ဖြင့် 'အရမ်း' ကို မည်ကဲ့သို့သော အကြောင်းအရာ၌ သုံးနှုန်းကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်ဖြင့် ရေးသားထားပြီး ပုံပြင်ကဏ္ဍတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မဟုတ်ဘဲ အားလုံးစည်းလုံးညီညွတ်စွာ လုပ်ဆောင်မှ သာ အောင်မြင်သောရလဒ် ဖြစ်ပေါ်လာနိုင်ပုံကို ဖော်ညွှန်းထားသည့် မိသားစုအိုးစည်ဝိုင်းပုံပြင်ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ သွေးချင်း ညီအစ်ကိုများအနက် မွန်လူမျိုးတို့၏ ဌာနေဖြစ်သော မွန်ပြည်နယ် အကြောင်းကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လော၀ါဟာရကမ္ဘာကဏ္ဍတွင် ငှက်ကလေးများ၏ အမည်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် ရွှေသွေး အင်္ဂလိပ် စကားဝိုင်းကဏ္ဍတွင် "Different ways Expressing one's opinion" ခေါင်းစဉ်ဖြင့် တစ်စုံတစ်ယောက်၏ သဘောဆန္ဒနှင့် ထင်မြင်ယူဆချက်တို့ကို ပြောဆိုပုံနည်းလမ်းအသွယ်သွယ်နှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'No' ၏ သုံးနှုန်းပုံ အမျိုးမျိုးကို လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။