• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၉-၇-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)ထွက်ရှိ

၉-၇-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)၌ မိဘနှင့် သားသမီး ကွဲကွာရခြင်းဒုက္ခသည် အင်မတန်ပူဆွေးသောက ရောက်ရပုံကို ကိုယ်တိုင်ခံစားလိုက်ရသည့် အာတူးအကြောင်း တင်ဆက်ထားသည့် “ကွဲကွာရခြင်း ဒုက္ခ” မျက်နှာဖုံးကာတွန်း၊ ဟင်းကောင်းချက်သော အိမ်တွင် ဧည့်သည်လုပ်ကာ ထမင်းလိုက်စား တတ်သော ဦးထွေးအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖြိုးရဲ- ဧည့်သည်”  နှစ် မျက်နှာကာတွန်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်း များအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဒါတွေလုပ်ပေးပါ” နှစ်မျက်နှာကာတွန်း၊ ကြက် ကြော်ကို များများမစားလိုက်ရသောကြောင့် နောင်တရမိသော ကိုစည်အကြောင်း‌ ရေးဖွဲ့ထားသည့် “ဒီလိုမှန်း မသိလို့” နှစ်မျက်နှာကာတွန်း၊ အစား စားရာတွင် ဓာတ်မတည့်သော အစားအစာများကို တွဲဖက်မစားမိစေရန် သတိပြုဆင်ခြင်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “မေမေ့ကို ချစ်လို့” တစ် မျက်နှာကာတွန်းနှင့် အိမ်ကနေ ထွက်မသွားတော့ဘူးဆိုသော လူငယ်လေးတစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် လူသားတို့၏မျက်ရည်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကလေးတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြား လိုအပ်သော ကာကွယ်ဆေးများကို အချိန်မီ ထိုးနှံလျက် ပျော်ရွှင်ဖွယ် မိသားစုနေနိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သီးပင်စားပင်များကို အိမ် ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ရုံဖြင့် မိသားစု၏ မီးဖိုချောင်ကို ဖူလုံစေသည့်အပြင် သစ်ပင် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထူးခြားမွန်မြတ်လှသော ဝါဆို လပြည့်နေ့အကြောင်း ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို မြတ်ကုသိုလ်” ကဗျာကဏ္ဍနှင့် ဉာဏ်စမ်း ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်စုံတစ်ယောက်၏ အောင်မြင်မှုကို ကြားသိရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ကွက်စိပ်ဗေဒသုခုမ ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
  • ရွှေသွေး
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links