• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၃ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၀) ထွက်ရှိ

၂၃ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၀) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၀)၌ ဉာဏ်ပညာရှိသော သမီးပျိုလေး၏ အကြံပေးချက်ကြောင့် ငွေအသပြာပေးလျော်ရမည့် ဆင်းရဲဒုက္ခက လွတ်မြောက်သွားသော ထမင်းဆိုင်ရှင်အကြောင်းကို တင်ဆက်ထားသည့် “ပညာရှိ သမီးပျို” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများနှင့် စကားပြောရာတွင် ဟာသပြောတတ်သော မောင်တိုးအကြောင်း ကို သရုပ်ဖော်ထားသည့် “တာတေနှင့် ဝသန်မြင်းမိုရ်” နှစ်မျက်နှာကာတွန်း၊ ယနေ့ထိတိုင် လိပ်ပြာနှင့် ပျားတို့သည်  ပန်းဝတ်ရည်များကို စည်းကမ်းရှိရှိဖြင့် စားသုံးနေကြပုံဒဏ္ဍာရီပုံပြင်အကြောင်းကို တင်ဆက် ထားသည့် “ပန်းနှင့်လိပ်ပြာ” နှစ်မျက်နှာကာတွန်း၊ ပန်းရောင်းရင်းဖြင့် ကျောင်းတက်ခဲ့ရသော ပန်းသည်လေးဘဝမှ ကျောင်းအုပ်ဆရာကြီးအဖြစ်သို့ ရောက်ရှိလာခဲ့သော ဦးခင်ညိုအကြောင်းကို ရေးဖွဲ့ ထားသည့် “စံပယ်ရနံ့လေး မွှေးပါသည်” နှစ်မျက်နှာကာတွန်း၊ ဘေးအိမ်ကကြက်များ မိမိစိုက်ခင်းထဲ လာမစားရန် ပြုလုပ်လိုက်သော နည်းအကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ မြောင်းထဲကျသွားသော ပိုက်ဆံတစ်ရာကို ပြန်လည်မရသောကြောင့် အငိုမတိတ်သည့် ကလေးငယ်လေး တစ်ယောက် အကြောင်းကို ရေးဖွဲ့ထားသည့် “ဘယ်လို လုပ်ရမလဲ” မျက်နှာဝက်ကာတွန်းနှင့် သူတစ်ပါး အပေါ် မဟုတ်မမှန်မပြောသင့်ကြောင်း ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် ဆောင်ရွက်ချက်အတော်များများတွင် မြေပုံ၏ အရေးပါပုံအကြောင်းကို ကလေးများအတွက် ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ညီအစ်မသုံးယောက် ရှိသည့် အနက် စိတ်ကောင်းရှိသော အလတ်မလေးအပေါ် သူတော်ကောင်းများက စောင့်ရှောက်ပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိ၏ မဆင်မခြင် ပြောလိုက်မိသော စကားကြောင့် သူတစ်ပါးအား စိတ်အနှောင့်အယှက် မဖြစ်စေရန် အခြေအနေအချိန်အခါကို လေ့လာပြီးမှ စကားပြောဆို တတ်ရမည်ဖြစ်ကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် အနာဂတ်၏ သားကောင်း ရတနာများဖြစ်ကြသော ကလေးတို့အနေဖြင့် လူတော်လူကောင်းများဖြစ်ရန် အသိပညာများကို စဉ်ဆက် မပြတ်ဆည်းပူးလေ့လာတတ်ရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ဖူးသစ်စ” ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားအကြောင်း မေးမြန်းပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာ သစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာမူများ
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman