• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၅ - ၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၈) ထွက်ရှိ

၂၅ - ၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၈) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၈) ၌ နယ်ချဲ့အင်္ဂလိပ်ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်ခဲ့သော နာမည်သုံးမျိုးဖြင့် ကျော်ကြားခဲ့သည့် မြန်မာ့မျိုးချစ်သူရဲကောင်းအကြောင်း တင်ဆက်ထားသည့် “သုံးမည်ရမြန်မာ့မျိုးချစ် သူရဲကောင်း” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ ဂိမ်းကစားသဖြင့် မှတ်ဉာဏ်နည်းသွားသည့် ကီးကီနှင့် ဂျိုးဂျိုးအကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ ဆရာမက ဗဟုသုတဆိုင်ရာ မေးခွန်းများ မေးသည်ကို ရွှေဖဲက ဟာသလုပ်၍ ပြန်ဖြေထားသည့်အကြောင်း တင်ဆက်ထားသော  “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ ကလေးတွေဆီမှ မုန့်ကို အနိုင်ကျင့်ယူတတ်သော ရုပ်ဆိုးကို ပညာပေး လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ-အနိုင်မကျင့်ပါနဲ့” နှစ်မျက်နှာကာတွန်း၊ လူတို့၏ လောဘ၊ ဒေါသများသည် အန္တရာယ်ဖြစ်စေသည့်အတွက် ရွှေဝါချောင်းစောင့်နတ်က ရွှေများကို ဖျောက်ဖျက်လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “လောဘ၏ သားကောင်များ” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းကို စေတနာဖြင့် ဒူးရင်းသီးလက်ဆောင်ပေးသည်ကို ခွဲပြီးမပေးသည့်အတွက် အပြစ်တင်သည့်အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

စတော်ဘယ်ရီပင် စတင်ပေါက်ဖွားရာဒေသနှင့် စတော်ဘယ်ရီသီးမှ ဗီတာမင်စီ ရရှိသည့်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စတော်ဘယ်ရီသီး” သုတကဏ္ဍ၊ ခြင်္သေ့မင်းက သူ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်မြေခွေးကို အသက်သခင်ကျေးဇူးရှင်အဖြစ် ပြန်လည်ကျေးဇူးဆပ်သည့်အကြောင်း ရေးသားထားသည့် “အဆွေခင်ပွန်းကောင်း” ပုံပြင်ကဏ္ဍ၊ စာသင်ခန်းထဲရှိ သူငယ်ချင်းများအပေါ် အမြဲစတတ်၊ နောက်တတ်သော တပည့်ကို ဆရာကြီးက သူတစ်ပါးကို နောက်ပြောင်ခြင်းသည် တစ်ပါးသူ ပျက်စီးဆုံးရှုံးရခြင်းထက် မိမိကိုယ်တိုင် ပျက်စီးဆုံးရှုံးမှုဖြစ်ရကြောင်း သွန်သင်ထားသည့်“ဖျက်ဆီးသူထက် ပျက်စီးသူ မဖြစ်စေလိုပါ” ဝတ္ထုကဏ္ဍ၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေး၊ လောင်းကစားမလုပ်ဘဲ ပညာရေးကို အလေးထားပြီး ရိုးသားကြိုးစားသည့် မောင်လူလေးအကြောင်း ရေးဖွဲ့ထားသည့် “မောင်လူလေးသို့ ပေးစာ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

English Daily Conversation ခေါင်းစဉ်အောက်မှ စာကြည့်တိုက်ကတ် လုပ်မည့်သူနှင့် စာကြည့်တိုက် ဝန်ထမ်းတို့ အပြန်အလှန်ပြောဆိုပုံအကြောင်းကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • စာပေရေချမ်းစင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman