• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၉ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၄) ထွက်ရှိ

၂၉ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၄) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၄)၌ မျောက်တို့၏သဘာဝအရ တောထဲတွင် ပြေးလွှားဆော့ကစားသည်ဆိုသော်လည်း အခြားသတ္တဝါများ အတွက် အနှောင့်အယှက်ဖြစ်ရပုံကို အတုယူရှောင်ရှားနိုင်ရန် တင်ဆက်ထားသည့် “ပြေးနေရတဲ့ မျောက်ဖိုးစိန်” မျက်နှာဖုံး ကာတွန်း၊ ကလေးသဘာဝ ကစားတတ်သော်လည်း သူတို့၏ကူညီတတ်သော စိတ်ကို ကျေးဇူးတင်ကာ ဦးစော၏ ခြံထဲတွင် အန္တရာယ်ကင်းကင်းကစားခွင့်ရသွားသော နိုးတူးတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “နိုးတူးနှင့် ဦးစော” နှစ်မျက်နှာကာတွန်း၊ မိဘဆရာသမားများ၏ ဆိုဆုံးမမှုကို လက်ခံနိုင်သော်လည်း မိဘဆရာ သမားများ၏ စကားကို မလိုက်နာသောသူဖြစ်မှာကို ကြောက်ရွံ့သော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲ- ကြောက်တယ်” နှစ်မျက်နှာကာတွန်း၊ တန်ဆောင်တိုင်ပွဲတော်တွင် ပျော်ပျော်ပါးပါးကျင်းပနိုင်ရန် ကျောင်းပိတ်ရက် တွင် မိမိတို့တတ်နိုင်သမျှ လုပ်အားပေးမည့် ဆုရတီအောင်တို့သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ဆုရတီအောင်- မြိုင်မြိုင်ဆိုင်ဆိုင်” နှစ်မျက်နှာကာတွန်း၊ ခင်ခင်ပြူးနှင့် သူ၏အချစ်တော် ခွေးလေးတို့၏ အပြန်အလှန် နားလည်ပုံကို ရုပ်ပုံကြည့်ခြင်းအားဖြင့် စိတ်ကူးဖြင့်သိနိုင်ရန် ရေးဆွဲထားသည့် “ဂန္ထဝင်ခင်ခင်ပြူးနှင့် သူ့အချစ်တော်ခွေးလေး” တစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် ကလေးများအနေဖြင့် ကန်စွန်းဥ၏လူသားတို့အပေါ် အကျိုးပြုပုံအကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ကန်စွန်းဥမှ ရရှိနိုင်သည့် အာဟာရနှင့် ဆေးဖက်ဝင် အကျိုးကျေးဇူးများ” သုတ ဆောင်းပါးကို တင်ဆက်ထားပါသည်။ ကလေးများအနေဖြင့် မိမိတို့၏အသုံးအဆောင်ပစ္စည်းများကို စည်းကမ်း ရှိရှိဖြင့် ရိုရိုသေသေသုံးစွဲတတ်စေရန်နှင့် မိမိတို့သုံးစွဲနေသောပစ္စည်းများ ပျောက်ဆုံးသွားပါ၍ အသစ် ဝယ်ယူရပါက မိဘများ၏ ငွေကြေးများဆုံးရှုံးကြောင်းကို ဂရုပြုဖွယ် တင်ဆက်ထားသည့် “ပစ္စည်းတန်ဖိုး” ဝတ္ထုကဏ္ဍနှင့် မိမိအပေါ်သူငယ်ချင်းကောင်းပီသသော ကြွက်လေးငနီကို မနာလိုဝန်တိုစိတ်ဖြင့် အကောက်ကြံခဲ့သော လင်းနို့ ညိုနက်၏အဖြစ်ကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “လင်းနို့တွေ ဘာကြောင့် ညအချိန်မှာ အစာရှာ ထွက်ရသလဲ” ပုံပြင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်း လက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ရုပ်ပုံလေးထဲတွင် ပေးထားသော မမဖူးငယ်၏ဦးခေါင်းများကို မျက်စိလျင်လျင်ဖြင့် ရေတွက်နိုင်မည့် ဉာဏ်စမ်းနှင့် ဆောင်းရာသီကာလ ကျေးလက် သဘာဝကို ဖော်ကျူးရေးဖွဲ့ထားသည့် “ဆောင်းဦးပန်းချီကား” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် “English Daily Conversation” ခေါင်းစဉ်ဖြင့် တင်ဆက်ထားသည့် ရာသီဥတုနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာစကားပြောများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • အရောင်းဌာန
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • ပုံနှိပ်ရေး
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman