• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၅ - ၉ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၆) ထွက်ရှိ

၅ - ၉ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၆) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၃၆)၌ အဆီအဆိမ့်များ စားသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုပါ မရှိသဖြင့်  ဖက်တီးပုတ်ဖြစ် နေသော ဖက်တီးအကြောင်းကို သရုပ်ဖော်ထားသည့် “လမ်းလျှောက်ကြမယ်” မျက်နှာဖုံးကာတွန်း၊ နေ့စဉ် သွားမှန်မှန်တိုက်ခြင်းဖြင့် သွားကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ - အရိုးမရှောင်တဲ့ သွား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကူညီချင်လွန်းသော ကျောက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ကျောက်ပုရဲ့ ကုသိုလ်” နှစ်မျက်နှာကာတွန်း၊ ကလေးထိန်းရင်း ကလေးနှင့် အပြိုင် ဆော့ကစားခဲ့သော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ကလေးထိန်းခြင်း” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းများအပေါ် မသိမသာ လူလည်ကျလိုက်သည့် ပေါ်ဆန်းအကြောင်းကို သရုပ်ဖော် ထားသည့် “ပေါ်ဆန်း - အညီအမျှ” တစ်မျက်နှာကာတွန်းနှင့် သင်္ချာတွက်ရာတွင် အားလုံးမှားနေ၍ ပြန်တွက်ခဲ့ရသည့် ပေါက်စီတို့သားအဖအကြောင်းကို သရုပ်ဖော်ထားသည့် “ပေါက်စီရဲ့ ဖေဖေ တော်ချက်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

စည်းလုံးညီညွတ်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ပေးစွမ်းသော ကစားနည်း တစ်ခုဖြစ်သည့် လွန်ဆွဲပွဲအကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “လွန်ဆွဲပွဲ” သုတဆောင်းပါး ကဏ္ဍ၊ မိခင်ဖခင်တို့၏ မေတ္တာ စေတနာကို နားလည်ကာ မိဘများက သင်ကြားပေးသော အတတ်ပညာ များကို ပျော်ရွှင်စွာ သင်ယူခဲ့သော ငန်းလေးအကြောင်းကို ရေးသားထားသည့် “ငန်းပေါက်လေးရဲ့ ပညာ ရေး” ပုံပြင်နှင့် အလုပ်တစ်ခုကို အကြိမ်ကြိမ် ပြုလုပ်ပါက အကျင့်တစ်ခုကဲ့သို့ ဖြစ်သွားနိုင်ပုံနှင့် မိမိတွင် မကောင်းသည့် အကျင့်ရှိပါကလည်း ကိုယ်တိုင်ပြုပြင်နိုင်မှသာ ထိုအကျင့်ဆိုးမှ လွတ်မြောက်နိုင်‌ကြောင်း ရေးသားထားသည့် “ကိုယ်တိုင် ပြုပြင်နိုင်မှ ချမ်းသာရ” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အစရှိသည်တို့နှင့် ပတ်သက်သည့် ယဉ်ကျေးမှု အမွေအနှစ်များရှိရာ စာဆိုဗိမာန်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်သည့် ကြော်ငြာ၊ တောတောင်ရေမြေတို့၏ သာယာပုံနှင့် ၎င်းတို့ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရန် ရေးဖွဲ့ထားသည့် “တောတောင်ရေမြေ ထိန်းစို့လေ” ကဗျာနှင့် မူးယစ်ဆေး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးကို ဝေးဝေးမှ ရှောင်ကြဉ်ကြရန် သီကုံးရေးစပ်ထားသည့် “မူးယစ်ရင်ခွင် ရုန်းထွက်နှင်” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဘဏ်၌ ချက်လက်မှတ်ရေးပြီး ငွေသားထုတ်ယူရာ၌ ငွေသား ထုတ်မပေးဘဲ ငြင်းဆိုခြင်း ခံခဲ့ရသည်ကို အပြန်အလှန် ပြောဆိုဖြေရှင်းပုံအမျိုးမျိုးဖြင့် ဖော်ပြထားသည့် “ရွှေသွေးစကားဝိုင်း” ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။   

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • အရောင်းဌာန
  • ရွှေသွေး
  • စာပေရေချမ်းစင်
books
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    04-Sep-2026
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    04-Sep-2026
  • ၅ - ၉ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၆) ထွက်ရှိ

    04-Sep-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman