• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၄ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၂၇) ထွက်ရှိ

၄ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၂၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၇) ၌ သူငယ်ချင်းအချင်းချင်း တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက နားလည်ပေးတတ်စေရန်နှင့် မိမိနှင့် ဓာတ်မတည့်သည့်အရာများကို ရှောင်ရှားတတ်စေရန် သရုပ်ဖော်ထားသည့် “ဟတ်ချိုး” မျက်နှာဖုံး ကာတွန်း၊ မွေးနေ့ပွဲတွင် ပျော်ပွဲရွှင်ပွဲထက် အများအကျိုးအတွက် လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရသော ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူး၏ မွေးနေ့မင်္ဂလာ” နှစ်မျက်နှာကာတွန်း၊ ကစားရာ၌ ထိခိုက်ဒဏ်ရာ မရရှိအောင် သတိထားကစားရမည် ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုး- သတိထားလို့ ကစားမယ်” နှစ်မျက်နှာကာတွန်း၊ လူအများကို ကူညီရန် အတွက် မိမိထင်မြင်ယူဆသည့်အတိုင်း လုပ်ဆောင်မိ၍ စေတနာအမှား ဖြစ်ခဲ့ရသော ကျောက်ပု အကြောင်းကို သရုပ်ဖော်ထားသော “ကျောက်ပုရဲ့ အကြံ” နှစ်မျက်နှာကာတွန်း၊ အပေါင်းလက္ခဏာ အချင်းချင်း၊ အနုတ်လက္ခဏာအချင်းချင်း မြှောက်ခြင်းအားဖြင့် အပေါင်းလက္ခဏာ ရရှိလာပုံကို  သရုပ်ဖော် ထားသည့် “ချက်စူ- လက္ခဏာတူ မြှောက်ကြမယ်” တစ်မျက်နှာကာတွန်းနှင့် မိုးရာသီတွင် ကျောင်းများ ဖွင့်၍ ကျောင်းမုန့်ဖိုးရရှိသောကြောင့် ရာသီဥတုသုံးပါးတွင် မိုးရာသီကို အကြိုက်ဆုံးရာသီဟု မှတ်ယူထား သော ထူးထူးအကြောင်းကို  သရုပ်ဖော်ထားသည့် “ထူးထူး- အကြိုက်ဆုံးရာသီ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် အစာစားရာ၌ ဗိုက်ပြည့်ရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ အာဟာရဖြစ်စေရန် စားသုံးသင့်ကြောင်း ရေးသားထားသည့် “အာဟာရဖြစ်စေတဲ့ အစားအစာတွေက ဘာတွေလဲ” သုတဆောင်းပါး၊ ဆေးလိပ်မှအစပြု၍ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့်အရာများကို ရှောင်ရှားနိုင်စေရန် ပညာပေးရေးသားထားသည့် “မူးယစ်ဟူသမျှ ကင်းစင်ပဖို့” ဝတ္ထုနှင့် သူတစ်ပါး၏ အသိုက်အမြုံကို မဖျက်ဆီးသင့်ကြောင်း ရေးသားထားသည့်  “ကိုယ်ချင်းစာစိတ် ထားပါ့မယ်” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် နေ့အမည်များကို အင်္ဂလိပ်လို ရေးသား နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးငယ်များအနေဖြင့် ပညာကို ရိုးသားကြိုးစားကာ လိမ္မာယဉ်ကျေးသူ များအဖြစ် အတုယူ လိုက်နာနိုင်စေရန်  သီကုံးရေးဖွဲ့ထားသည့် “ပြည့်သားကောင်း” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်အသုံးများအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
books
  • ၄ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၂၇) ထွက်ရှိ

    03-Jul-2026
  • ၂၇-၆-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆) e-book ထွက်ရှိ

    30-Jun-2026
  • ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    26-Jun-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman