• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)ထွက်ရှိ

၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)၌ ကိုယ့်ပတ်ဝန်းကျင် သာယာလှပရန် ကိုယ်တိုင် ကြိုးစားထိန်းသိမ်းရမည်ကို နားလည်သဘောပေါက်သွားသည့် အိအိတို့ မောင်နှမနှစ်ယောက် အကြောင်းကို သရုပ်ဖော်ထားသည့် “တာဝန်ကိုယ်စီ ရှိပါသည်” မျက်နှာဖုံးကာတွန်း၊ အလုပ် လုပ်ခိုင်းထားသည်ကို ပြီးမြောက်အောင် မလုပ်သည့် ညီပုနှင့် ‌ဒေါသဖြစ်သွားသည့် သူ့ဦးလေးတို့ အကြောင်းကို သရုပ်ဖော်ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ ထူးထူးနှင့် ကျော်ကျော်တို့ အရင်တွေ့ထားသည့် ပိုက်ဆံသည် သူတို့၏ လောဘကြောင့် သူတစ်ပါးလက်ထဲသို့ ရောက်ရှိ သွားပုံကို သရုပ်ဖော်ထားသည့် “လောဘကြီးမိလို့” တစ်မျက်နှာကာတွန်း၊ နားနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတများကို သူငယ်ချင်းများအား မျှဝေပေးသည့် ဖိုးဇော်အကြောင်း သရုပ်ဖော် ထားသည့် “မျှဝေပြောပါ” နှစ်မျက်နှာကာတွန်း၊  မသင်္ကာစရာ လူကြီးနှစ်ဦးကို ဖမ်းဆီးရန် ကြိုးစားကြရာမှ လွဲမှားမှုဖြစ်ခဲ့ကြသည့်  ဖြိုးရဲနှင့် သူ၏ သူငယ်ချင်းတို့အကြောင်း သရုပ်ဖော်ထား သည့် “လွဲပြန်ပြီ” နှစ်မျက်နှာကာတွန်းနှင့် သူများအိမ်က သတင်းစာကို ချီလာတတ်သည့် ခွေးလေးအောင်နက်ကျော်နှင့် ခွေးပိုင်ရှင် ပန်ပန်တို့အကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထား သည့် ကာတွန်း ပီတီကေ၏ “ပန်ပန်နှင့် အောင်နက်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခန္ဓာကိုယ်အတွက် ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိမည့် ကြက်သွန်ဖြူအကြောင်း ဗဟုသုတရရှိစေရန် ရေးသားထားသည့် “ကြက်သွန်ဖြူ(Garlic) စားသုံးခြင်းနဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ” သုတဆောင်းပါးကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်၊ စာကလေးဇနီးမောင်နှံသည် ကိုယ့်ပျော်ရွှင်မှု အတွက် သူတစ်ပါးဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့၍ မြွေကြီး၏ စားခြင်းကို ခံလိုက်ရသည့် အကြောင်း ရေးသားထားသည့် “သူများ မျက်ရည်” ပုံပြင်ကဏ္ဍ၊ ကလေးတို့ စိတ်ကြိုက် အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စာအနေ နှင့် အကြွေးဝယ်ကတ်ပြားပိုင်ရှင်တစ်ဦးက သူကတ်ပြား တွင် မှားယွင်းပြီး ကျသင့်ငွေ တောင်းခံထားခြင်း၊ ဖြတ်တောက်ထားခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် အပြန်အလှန်ပြောဆိုထားသည့် အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် တန်ခူးလတွင် ပိတောက်ပန်းများပွင့်ပုံနှင့်  သင်္ကြန်ပွဲတော် ဆင်နွှဲကြပုံအကြောင်း ရေးဖွဲ့ထားသည့် “မာပါစေကြောင်း ဆုမွန်တောင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“နေခြည်ဝင်းပ အလင်းတစ်စ အလှကဗျာများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
books
  • ၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄) e-book ထွက်ရှိ

    06-Apr-2026
  • ၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)ထွက်ရှိ

    03-Apr-2026
  • ၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    31-Mar-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman