• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၉-၈- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၅) ထွက်ရှိ

၂၉-၈- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၅) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၈)၊ အမှတ်(၃၅) တွင်  ခရီးသွားများ အရိပ်ရအောင် သစ်ပင်စိုက်၍ ကုသိုလ်ပြုသော ဗိုက်ပူအကြောင်းကို သရုပ်ဖော်ထားသည့် “သာဓုခေါ်စေသော်” မျက်နှာဖုံးကာတွန်း၊ ပျော်စရာနေရာကို ရှာဖွေရင်း နောက်ဆုံးတွင် နောင်တရကာ မိသားစုဆီသို့ ပြန်သွားသည့် ကြက်ဖကြီးအကြောင်းကို သရုပ်ဖော်ထားသည့်  “နောင်တ” နှစ်မျက်နှာကာတွန်း၊ သရက်သီး ခိုးခူးမိသည့် ညီပုနှင့် သူငယ်ချင်း နီကြောင်တို့သည် ပိုင်ရှင်သိသွားသောအခါ ပြေးခဲ့ရသည်ကို သရုပ်ဖော်ထားသည့် “ညီပု” တစ်မျက်နှာ ကာတွန်း၊ မမပန်ကြိုက်သည့် ဟင်းလျာများကို စေတနာနှင့် ဝယ်ပေးလိုက်မိသည့် မြဂျိုး၏ အမှားများ အကြောင်းကို သရုပ်ဖော်ထားသည့် “အလွဲလေးများ”  နှစ်မျက်နှာကာတွန်း၊ သူများအပေါ် အနိုင်ကျင့် တတ်သော ဝက်ဝံကြီးမောင်ဘိုကို ကူညီမည့်သူမရှိ၍ အသက်ဆုံးရှုံးခဲ့ရပုံကို သရုပ်ဖော်ထားသည့် “နိဂုံး” နှစ်မျက်နှာကာတွန်းနှင့် ကျောင်းကျန်းမာရေး ဆရာဝန်က မေးသည့် ပုပု၏ ချောင်းဆိုးရသည့် အကြောင်းရင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “သုံးမျိုးအပြင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးတို့အနေနှင့် ရေဒါကိရိယာနှင့် ပတ်သက်၍ ဗဟုသုတရစေရန် ရေးသားထားသည့် “ရေဒါနည်းပညာ” သုတဆောင်းပါးကဏ္ဍ၊ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့် ယဉ်ကျေးမှု အမွေအနှစ် များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပြသထားသည့် စာဆိုဗိမာန်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာကဏ္ဍ၊ ကားဆရာဦးမြမောင်သည် သူတစ်ပါး ပစ္စည်းကို ကောက်ရသော်လည်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံလိုက်သည့်အတွက် ဝမ်းသာပီတိဖြစ်သွား သည့်အကြောင်းကို ရေးသားထားသည့် “သတင်းကောင်း တစ်ရပ်” ဝတ္ထုကဏ္ဍ၊ မင်းသားအယောင် ဆောင်ထားသည့် မင်းသမီးလေးအန်နာ၏ ကြင်ရာလောင်းရွေးပွဲအကြောင်းကို ရေးသားထားသည့် “မင်းသမီးလေး၏ ထူးဆန်းသော ကြင်ရာလောင်းရွေးပွဲ” ပုံပြင်ကဏ္ဍနှင့် မေမေက စောစောထကာ ထမင်းချက်ပုံ၊ ဖေဖေက လယ်ထဲဆင်းပုံ၊ ကိုကိုက စာထကျက်နေပုံ၊ မမလေးက ဆွမ်းတော်ကပ်ရန် ပြင်ဆင်ပုံနှင့် အငယ်ဆုံးသားလေးမို့ အားလုံးက ဝိုင်းချစ်ကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အချစ်တော်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ် သည့် အီဒီယမ်” ကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • ပြည်သူ့လက်စွဲစာစဉ်
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာမူများ
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2026
  • ၂၉-၈- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၅) ထွက်ရှိ

    28-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman