• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၇-၆-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆)ထွက်ရှိ

၂၇-၆-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆)၌  ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၏ နွေးထွေး စွာ ကြိုဆိုမှုကြောင့် ကျောင်း တက်ရမှာကို မကြောက်တော့ဘဲ ပျော်ရွှင်စွာဖြင့် ကျောင်းတက်သည့် မစန္ဒာလေး အကြောင်း သရုပ်ဖော်ထားသည့် “မစန္ဒာ မငိုတော့ပါ” မျက်နှာဖုံးကာတွန်း၊ ဖခင်က ခိုင်းထားသည့် အလုပ်ကို မလုပ်ဘဲ မေ့လျော့သွားခဲ့သည့် ထူးထူးအကြောင်းကို သရုပ်ဖော် ထားသည့် “မေ့သွားလို့ပါ” နှစ်မျက်နှာကာတွန်း၊ ဦးလေးဆုံးမသည့် “သည်းခံခြင်းသည် အောင်မြင် ရာ၏” ဆိုသည့်စကားကို မလိုက်နာမိသည့်အတွက် ဦးလေးဖြစ်သူ ဒေါသဖြစ်သွားသည့် အကြောင်းကို သရုပ်ဖော် ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ ရှဉ့်ကလေး၏ ရှင်းပြမှုကြောင့် ခြင်္သေ့လေးသည် သူ၏ အမြီးကို စိတ်တိုင်းကျသွားသည့်အကြောင်းကို သရုပ်ဖော်ထားသည့်  “သဘာဝဟာ သဘာဝ” နှစ်မျက်နှာကာတွန်း၊ မိဘကျေးဇူးကို မသိတတ်သည့် သားသုံးဦး၏ ဒုက္ခ တွေ့ရပုံကို သရုပ်ဖော်ထားသည့် “မိခင်ကြီးနှင့် သားသုံးဦး” နှစ်မျက်နှာကာတွန်းနှင့် မိဘ ကျေးဇူးကို မသိတတ်သည့် သားသုံးဦး၏ ဒုက္ခတွေ့ရပုံကို သရုပ်ဖော်ထားသည့် “မိခင်ကြီး နှင့် သားသုံးဦး” နှစ်မျက်နှာကာတွန်းနှင့် ပုစု၏ စိတ်အလိုမကျမှုကို ဖိုးတစ်တိုက ရှင်းပြပေးလိုက် သောကြောင့် သဘောပေါက် နားလည်သွားသည်ကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးတို့အနေနှင့် မိုးရွာခြင်းနှင့် ပတ်သက်၍ သိပ္ပံနည်းကျဗဟုသုတများ ရရှိ စေရန် ရေးသားထားသည့် “မိုးရွာခြင်း” သုတဆောင်းပါးကဏ္ဍ၊ ဆိုဆုံးမရလွယ်ကူသူ၏ အကျိုးရှိပုံနှင့် ဆိုဆုံးမရခက်ခဲသူတို့၏ အကျိုးမဲ့ပုံအကြောင်း ရေးသားထားသည့် “ဆိုဆုံးမ လွယ်ကူခြင်း၏ အကျိုး” ပုံပြင်ကဏ္ဍ၊ နယုန်လတွင် ကျောင်းများ ပြန်ဖွင့်ကြပုံနှင့် လူတော်၊ လူကောင်းဖြစ်ရန် ပညာကို ကြိုးစားသင်ယူသင့်ကြောင်း ရေးဖွဲ့ထားသည့် “တာထွက် စကောင်း အကြောင်းပြု” ကဗျာကဏ္ဍ၊ ကျောင်းက ကျင်းပသည့် ကောက်စိုက်ပြိုင်ပွဲတွင် ဇော်မောင်၏ နည်းစနစ် မှန်ကန်မှုနှင့် အသင်း၏ စည်းလုံးမှုရှိခြင်းတို့ကြောင့် ပထမဆု ရရှိပုံအကြောင်း ‌ရေးသားထားသည့် “ကောက်စိုက်ပြိုင်ပွဲ” ဝတ္ထုကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကလေးများအနေနှင့် ကျောင်း၊ လမ်းနှင့် အိမ်တွင် စည်းကမ်းများ လိုက်နာကြလျှင် ဘဝတိုးတက်မှာဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “စည်းကမ်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
books
  • ၄ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၂၇) ထွက်ရှိ

    03-Jul-2026
  • ၂၇-၆-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆) e-book ထွက်ရှိ

    30-Jun-2026
  • ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    26-Jun-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman