• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၆-၅-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၀)ထွက်ရှိ

၁၆-၅-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၀)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၀)၌ စာဖတ်ဝါသနာပါသည့် ကောက်ရိုး၏ စဉ်းစားဉာဏ်ကြောင့် ဘိုးတော်အ‌ယောင်ဆောင်ထားသော လူဆိုးဖိုးရှုပ်ကို ဖမ်းဆီးမိသွားသည့်အကြောင်း သရုပ်ဖော် ထားသည့် “စာကြမ်းပိုး ကောက်ရိုး” မျက်နှာဖုံးကာတွန်း၊ ဆရာပေးသည့် အကြံကြောင့် ဖတ်ပြီး သား စာအုပ်များကို စာကြည့်တိုက်သို့ သွားရောက်လှူဒါန်းမည့် ထူးထူးနှင့် ဝတုတ်တို့အကြောင်း သရုပ်ဖော်ထားသည့်  “ထူးထူးပါဝင်သော စာအုပ်စာပေ လူ့မိတ်ဆွေ” နှစ်မျက်နှာကာတွန်း၊ အတိတ်နှင့် အနာဂတ်အကြောင်းကို မေ့ခိုင်းထား၍ လက်ရှိပစ္စုပ္ပန်၌ ပျော်ရွှင်စွာ နေထိုင်သင့် ကြောင်း အကြံပြုသည့် နီကြောင်နှင့် ညီပုတို့ သူငယ်ချင်းနှစ်ယောက်အကြောင်း သရုပ်ဖော် ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ အလုပ်ကို ပေါ့လျော့စွာ လုပ်လိုက်မိသဖြင့် အခက်အခဲ တွေ့ရသည့် ကိုဇော်နှင့် ညီသော်တို့အကြောင်း သရုပ်ဖော်ထားသည့် “ပေါ့လျော့မှု” နှစ်မျက်နှာ ကာတွန်း၊ တောဝက်၏ ကြိုတင်ပြင်ဆင်မှုကြောင့် ကောက်ကျစ်သော မြေခွေးအုပ်စုတို့၏ အန္တရာယ်မှ လွတ်မြောက်သွားပုံကို သရုပ်ဖော်ထားသည့် “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” နှစ်မျက်နှာကာတွန်းနှင့် ဗိုက်ထဲမှ အူများ၊ အသည်းများ ပြောင်းပြန်ဖြစ်ကုန်မည်စိုး၍ ကျွမ်းမထိုး လိုသည့် ပိုင်ပိုင်လေးအကြောင်း သရုပ်ဖော်ထားသည့် “ပိုင်ပိုင်လေးပါဝင်သည့် ကျွမ်းမထိုးရဲဘူး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးတို့အနေဖြင့် မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ပြောဆိုခြင်းဖြင့် ကောင်းကျိုး များ ရရှိစေနိုင်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ပြောသင့်သည့် စကားနှင့် မပြောသင့်သည့် စကား” သုတဆောင်းပါးကဏ္ဍ၊ မီးဘေးရန်မှ မြို့ရွာကို မပျက်စီး၊ မဆုံးရှုံးရအောင် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးသည့် ‌မောင်စိန်သံမဏိအကြောင်း ရေးသားထားသည့် “စိန်သံ မဏိ” ဝတ္ထုကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်၊ ‌လောကတွင် ရုပ်အဆင်းလှတိုင်း သဘောကောင်းကြသည် မဟုတ်သလို အရုပ် ဆိုးတိုင်းလည်း စိတ်ထားမညံ့‌ကြောင်းကို ရှဉ့်မိသားစုဖြင့် ပုံဖော်ရေးသားထားသည့် “ဟန်ပြနှင့် လက်တွေ့” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် ဆံပင်ညှပ်ချင်သူက ဆံပင်ညှပ်ဆိုင်နှင့် ဆက်သွယ် ပြီး ဆံပင်ညှပ်မည့်နေ့ကို ရက်ချိန်းယူသည့်အကြောင်းကို အပြန်အလှန် ပြောကြားသည့်  “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ကဆုန်လနှင့် နယုန်လတို့တွင် နေပူရှိန်ပြင်းပုံ၊ ညောင်ရေသွန်းပုံ၊ မြက်လေးပန်းများပွင့်ပုံနှင့် ကျောင်းများ ပြန်ဖွင့်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “နွေအကုန် မိုးအကူး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
                                                                                      

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • အရောင်းဌာန
  • ရွှေသွေး
  • စာမူများ
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    26-May-2026
  • ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၂၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    26-May-2026
  • ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၂၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    26-May-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman