• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၈-၇-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၉)ထွက်ရှိ

၁၈-၇-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၉)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၉)၌  လောကတွင် သားသမီးရတနာသည်သာ တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်ကို နားလည်သဘော‌ပေါက်သွားသည့် ဘုရင်ကြီးအကြောင်းကို သရုပ်ဖော်ထားသည့် “အဖိုးတန် ရတနာ” မျက်နှာဖုံးကာတွန်း၊ အစ်မ၏ ပြောစကားကို မလိုက်နာမိသည့် မြဂျိုးကို မိခင်ဖြစ်သူ က ဒေါသဖြစ်သွားပုံကို သရုပ်ဖော်ထားသည့်  “ပန်ပန်နှင့် မြဂျိုး-ဗီဒီယို” နှစ်မျက်နှာကာတွန်း၊ ပန်ပန်၏ အမေးပုစ္ဆာကို အဖြေမှန်ရအောင် တွက်ပြလိုက်သည့် ချက်ပုနှင့် ပျော်ရွှင်သွားသည့် မိတိုးတို့အကြောင်းကို သရုပ်ဖော်ထားသည့် “ပေါင်းမယ် နုတ်မယ် တစ်အောက်ငယ်” တစ်မျက်နှာကာတွန်း၊ ပြိုင်ပွဲတွင် ဆုမရသည်မှာ ဝမ်းနည်းစရာ မဟုတ်ဘဲ ကြိုးစား၍ ယှဉ်ပြိုင်လိုစိတ် ရှိခြင်းသည်သာ အဓိကဖြစ်ကြောင်း ကို ယုန်လေးနှင့် ရှဉ့်လေးတို့ကို ဇာတ်လိုက်ထား၍ သရုပ်ဖော်ထားသည့်  “ပြိုင်ပွဲ”  နှစ်မျက်နှာကာတွန်း၊  ဖြိုးရဲသည် စက်ဘီးမလိုချင်သေး၍ စာမေးပွဲကို အောင်မှတ်ရအောင် မဖြေခဲ့သည်ဟု သူငယ်ချင်းများကို နောင်ပြောင် ပြောဆိုခြင်းအကြောင်း သရုပ်ဖော်ထားသည့် “အပြောကြီးသူ” နှစ်မျက်နှာကာတွန်းနှင့် ဆရာမမေးသည့် မေးခွန်းကို ပေါက်စီ၏ ဟာသအ‌တွေးဖြင့် ပြန်ဖြေလိုက်ပုံကို သရုပ်ဖော်ထားသည့် “ပေါက်စီရဲ့ ဉာဏ်ကြီးရှင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် တည်ရှိ၍ ကမ္ဘာတွင် ထင်ရှားသော ရှေးဟောင်းဗုဒ္ဓဘာသာ စေတီတစ်ဆူဖြစ်သည့် ဗောရောဗုဓောစေတီအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ဗောရောဗုဓော စေတီ” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ စိတ်ကြိုက်အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ကဏ္ဍ၊ ကျောင်းအုပ်ဆရာကြီး၏ ဆိုဆုံးမှုကို လိုက်နာကျင့်သုံးသည့် ဖိုးဇော်တို့ အတန်းသည် ကျောင်းသန့်ရှင်းရေး အထူးဆုကို ရရှိသွားပုံအကြောင်း ရေးသားထားသည့် “သန့်ရှင်း သော ကျောင်းလေး” ဝတ္ထုကဏ္ဍ၊ မိဘများ ချန်ထားခဲ့သည့် ပစ္စည်းဥစ္စာကို ကြီးပွားတိုးတက်အောင် မလုပ်ဆောင်ဘဲ စိတ်ကူးယဉ်နေမိ၍ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် မောင်စိတ္တအကြောင်း ရေးသား ထားသည့် “စိတ်ကူးယဉ်သမား၏ နောင်တ” ပုံပြင်ကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်နှင့် အင်္ဂလိပ်စာအနေနှင့်  Phrasal Verb များ အကြောင်း ဥပမာများနှင့်တကွ လေ့လာနိုင်မည့်  “အခြေခံလိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊ ပြည်ထောင်စုကြီးအတွက် အသက်ကိုပေးကာ နိုင်ငံ့ဂုဏ်ကိုဆောင်သည့် အာဇာနည် ရဲဘော်များကို ဂုဏ်ပြုစပ်ဆိုထားသည့် “ကိုးပွင့် ပန်းခိုင် မမေ့နိုင်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • ရွှေသွေး
  • စာမူများ
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    17-Jul-2026
  • ၁၈-၇-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၉)ထွက်ရှိ

    17-Jul-2026
  • ၁၁- ၇- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၈)ထွက်ရှိ

    10-Jul-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman