• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၆ - ၃ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၁) ထွက်ရှိ

၁၆ - ၃ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၁)၌ ကလေးများအနေဖြင့် မိမိအနီးရှိ အရာများကို တန်ဖိုးထားတတ်စေရန် မိမိအနီးနားရှိ ကြက်ဖကြီးကို ဂရုမစိုက်ဘဲ အဝေးရှိ ငန်းရိုင်းကြီးများကိုသာ ဂရုစိုက်နေသော မြို့စားကြီးအကြောင်းကို တင်ဆက်ထားသည့် “မြို့စားနှင့် ကြက်ဖကြီး” မျက်နှာဖုံးကာတွန်း၊ ကြောင်ကလေး ရေနစ်မည်ကို စိုးရိမ်၍ ကယ်တင်ပေးခဲ့သော ခွေးလေး၏ စိတ်ထားကောင်းပုံကို  ရေးဖွဲ့ထားသည့် “ဆုရတီအောင်- ခွေးနဲ့ ကြောင်” နှစ်မျက်နှာကာတွန်း၊ မိခင်ကို လုပ်ကိုင်ကျွေးမွေး၍ သုခများခံစားခဲ့ရသည့် ဖိုးအေးနှင့် လောဘ ကြီး၍ ဒုက္ခနှင့် တွေ့ကြုံခဲ့ရသည့် ဦးလောဘအကြောင်းကို ရေးဆွဲထားသည့် “ငါ့ရွှေအိုး ပြန်ပေး” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ ပြောဆိုတတ်သော ဖိုးလပြည့်နှင့် ‌မော်ကြီးတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ဖခင် မျက်စိခွဲထား၍ အမြင် ကြည်ကြည်လင်လင်သိပ်မရှိသည်ကို ရေးဖွဲ့ထားသည့် “ပူတင်း - အမြင် မကြည် လင်ဘူး” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းကစားလွန်းသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအား ဗဟုသုတတိုးပွားစေရန်အလို့ငှာ လူ၏ခန္ဓာကိုယ်ရှိ အရိုးများ ဖွဲ့စည်းတည်ရှိပုံ အကြောင်းကို တင်ဆက်ထားသည့် “လူ့ခန္ဓာကိုယ်ရဲ့ အရိုးငြမ်းအဖွဲ့အစည်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိ၏ ဘဝပေးအခြေအနေအရ သူငယ်ချင်းများကဲ့သို့ ငွေကြေးဥစ္စာ မပြည့်စုံ သော်လည်း စာကိုကြိုးစားသင်ယူသင့်ကြောင်း တင်ဆက်ထားသည့် “ဘဝလှေကားထစ်” ဝတ္ထုနှင့် လူတိုင်းတွင် ရှိသင့်သည့် ကာယသတ္တိ၊ စိတ္တသတ္တိနှင့် စာရိတ္တသတ္တိတို့အကြောင်းကို  ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “သတ္တိ သုံးမျိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ရုပ်ပုံ လေးထဲတွင်ပေးထားသော ကြိုများမှ အာနိုး၊ ကိုထက်နှင့် ဖြိုးရဲတို့ သူငယ်ချင်းသုံးယောက်အနက် ခွေးပိုင်ရှင် မည်သူဖြစ်မလဲဆိုသည်ကို ရှာဖွေပေးနိုင်မည့် ဉာဏ်စမ်းနှင့် ကျောင်းသားများအား ဗလ ငါးတန်နှင့် ပြည့်စုံစေရန် ဖော်ကျူးရေးဖွဲ့ထားသည့် “ဘဝလှစေဖို့” ကဗျာတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အားလပ်ရက်ရှည်တွင် ခရီးသွားခြင်းနှင့် ပတ်သက်၍ ပြောဆိုရာ၌ အသုံးပြုသည့် Idioms အသုံးများကို တင်ဆက်ထားသည့် “Useful Everyday Idioms” တို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • ရွှေသွေး
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman