ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီ အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ငွေတိုက်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် Aung Royal Machine Co.,Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပဒေပုဒ်မ ၂၉၂ (က) အရ အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ Notice Under Section 208 (E) Myanmar Companies Act Myanmar National Industrial Gases Limited (Members Voluntary Winding-up) Invitation to Final Meeting၊ In the Matter of the Myanmar Companies Law (2017) and SCCP LAKESIDE COMPANY LIMITED (Registration No.113814578) Notice of Special Resolutions for voluntary Winding-up of the Company and Claims Notice pursuant to section 345 & 348၊ HTAKE TAN OO COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ သရက်သီးဈေးကွက်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (Mango Marketing Services Co.,Ltd)၊ မန်းဂိုးမီဒီယာလီမိတက် (Mango Media Limited) နှင့် မန်းဂိုးစတင်ပီအာကုမ္ပဏီလီမိတက် (Mangosteen PR Co., Ltd) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပဒေပုဒ်မ ၃၄၈ အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာခြင်း၊ ဝေ့ (ဗ်) ဒီဂျစ်တယ်လီမိတက် (Wave Digital Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပဒေပုဒ်မ-၃၄၈ အရ ကုမ္ပဏီကို အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ မှတ်တမ်းများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (DIARIES TRAVELS & TOURS COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ ဉပဒေ (၂၀၁၇) ပုဒ်မ - ၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန်သတိပေးခြင်း (Claim Notice) မှတ်တမ်းများ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက်၊ China Machinery Industry Engineering Corporation (Myanmar) Ltd Notice Under Section 206 (1) Myanmar Companies Act (Members Voluntary Winding-up) တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။