ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၆၉)၊ အမှတ် (၅၀)၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် WINDY CITY COMPANY LIMITED (ဝင်းဒီးစီးတီး ကုမ္ပဏီလီမိတက်)၊ ၏ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၆ (၁)အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက်ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ နဂါးကြီး ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (GREAT DRAGON GEMS & JEWELLERY COMPANY LIMITED)၊ နှင့် ရှေးဟောင်းအာရှ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (ANCIENT ASIA TRAVELS & TOURS COMPANY LIMITED) တို့၏ ကုမ္ပဏီဖျက်သိမ်းကြောင်း ကြော်ငြာ၊ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ အောင်မော်စံ ကုမ္ပဏီလီမိတက် (Aung Maw San Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ အလိုအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေးခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND QIYAN FASHION COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။