ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၄၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်တွင်းအခွန်များဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် In the Matter of the Myanmar Companies Law and ZTE CORPORATION (YANGON BRANCH) Notice Under Section 348၊ M S N MYANMAR COMPANY LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ တော်ဝင်ရာမည မန်နူဖက်ချားရင်း (န်) အင် (န်) ဒစ်စတီဗျူးရှင်း ကုမ္ပဏီလီမိတက် (Royal Yamanya Manufacturing and Distribution Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အပြီးသတ်စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ UKEAS MENTOR INTERNATIONAL CO., LTD Notification For Final Meeting of All Shareholders၊ ဂရိတ်ဖောမိုဆာ ကုမ္ပဏီလီမိတက် (Great Formosa Co., Ltd) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းပိတ်သိမ်းခြင်း၊ Notice for Final Closure of LivingSquare Hanwha Co., Ltd (Voluntary Winding up)၊ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း သောကြာကုမ္ပဏီလီမိတက် (THOUT KYAR COMPANY LIMITED) ၏ ဖျက်သိမ်းရန် ကြေညာချက်၊ ရွှေဘအောင် ကုမ္ပဏီလီမိတက် နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ MLB MYANMAR CO.,LTD အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန ်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။