ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၃ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၃၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခွဲရေးဉီးစီးဌာန
အပိုင်း (၄) တွင် ဉီးကျော်မြင့်နှင့် သားများအထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (U Kyaw Myint & Sons General Trading Company Limited) နှင့် ပြည်ထွန်းအောင်ထရေးဒင်း ကုမ္ပဏီလီမိတက် (Pyi Htun Aung Trading Company Limited) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ GRAND PARAGON MINING AND MANUFACTURING COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ သီတာလုပ်ငန်းစု လီမိတက် (Thida Group Limited)၊ တတိယမျိုးဆက် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Third Generation Trading Company Limited) နှင့် အက်ဖ် ဂျေ ဗွီ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (F. J. V Construction Company Limited)၊ MYANMAR BEAUTEX GARMENT FACTORY LIMITED (In Members' Voluntary Winding Up) မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ (၂၀၁၇) အရ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ အင်ဂျလီအင်တာနေရှင်နယ်လီမိတက် (ရန်ကုန်ဘရန်) [Angelique International Limited (Yangon Branch)] မြန်မာနိုင်ငံကုမ္ပဏီများ အက်ဉပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန ်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။