ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်းစုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) ပြည်တွင်းအခွန်များဦးစီးဌာန အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်၊
အပိုင်း (၄) တွင် ဆန်းဂိုး(လ်) ကုမ္ပဏီလီမိတက် SUN GOLD COMPANY LIMITED၊ SANRAG MANAGEMENT CONSULTANTS PRIVATE LIMITED နှင့် ရက်(စ်)အိုကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (Yes Ok International Company Limited) တို့အား (အစုရှယ်ယာရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ဟုမ်း ဒီပို့ မြန်မာ ကုမ္ပဏီလီမိတက် (Home Depot Myanmar Co., Ltd)၊ ပလန့်(တ်) စတော့ပ် ပရိုက်ဗိတ် လီမိတက် (Plantscape Private Limited)၊ ဇင်းဘန်း ကုမ္ပဏီလီမိတက် (Xaing Bang Company Limited)၊ ဟန်ဒုန်း အီးအန်စီ ကုမ္ပဏီလီမိတက် (HANDONG E&C COMPANY LIMITED) နှင့် ယူလိုက်(ဖ်) ဆလူးရှင်း(စ်) မြန်မာ ကုမ္ပဏီလီမိတက် (U LIFE SOLUTIONS MYANMAR COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ In the Matter of the Myanmar Companies Law and Nittsu Shoji (Myanmar) Company Limited (Under Section 345)၊ HI TOP FORMOSA COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ-၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်း၊ ZTH CONSULTANT SERVICE COMPANY LIMITED (In members' Voluntary Winding Up)၊ Compagnie Generale De Geophysique (Yangon Branch) စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ကြော်ငြာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ - ၃၀၉ (ခ) အရ ကြော်ငြာစာ Roy International Co., Ltd (တရားရုံး၏အမိန့်ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။