ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၄၃)၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် In the Matter of the Myanmar Companies Law and Myanmar CPAC Service Company Limited Notice under Section 348၊ Tian Ci Trading Co., Ltd. မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မြင်တွေ့အမြန် ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် (EUREKA EXPRESS TRADING COMPANY LIMITED) အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND CAMBRIAN AEROSPACE (MYANMAR) COMPANY LIMITED၊ မြန်မာစတုန်းဟောက် (ဇ်) ကုမ္ပဏီလီမိတက် (Myanmar Stone House Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ KAI CREATES ASIA COMPANY LIMITED Notice Under Section 208 (E) of The Myanmar Companies Act (Voluntary Winding-up by Members) Invitation to the Final Meeting၊ စီဂျီအမ် မြန်မာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီ များအက်ဥပဒေပုဒ်မ-၂၀၈(င) အရ ကြေညာစာ ငွေပင်လယ်သင်္ဘောဝန်ဆောင်မှု လီမိတက် (Silver Sea Shipping Agencies Limited) နှင့် ကရစ်စတီးနား အင်နိုဗေးတစ် (ဗ်) ဒတ်ဗလော့မဲန့် (တ်) ဆားဗစ်စစ် လီမိတက် (Kristina Innovative Development Service Limited) တို့၏ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ၊ In Members' Voluntary Winding up Mercury Min Enterprise Company Limited (အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အိုင်ဒီယာ တူမောရိုး ကုမ္ပဏီ လီမိတက် (IDEA TOMORROW COMPANY LIMITED) အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။