ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၄၂)၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ အမိန့်ကြော်ငြာစာ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ အဆင့်မြင့်နည်းပညာဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (ELITE TECH ONLINE SERVICES COMPANY LIMITED) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေးခြင်း၊ In the Matter of the Myanmar Companies Law and Omina Myanmar Company Limited Notice under Section 348၊ DSP Engineering Company Limited (Members' Voluntary Winding Up) Invitation to Final General Meeting၊ သာလွန်ကမ္ဘာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းဆဲ) (မြန်မာနိုင်ငံကုမ္ပဏီနည်းပညာဆိုင်ရာ-၁၁၃)၊ Maha Alin E & C Co., Ltd. (အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကြော်ငြာစာ ရွှေနဂါးညီနောင် ရွှေဖွဲ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (GOLDEN DOUBLE DRAGON GOLD DEVELOPMENT COMPANY LIMITED) အား အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အိုင်တီခရင် (မ်) ကုမ္ပဏီလီမိတက် (အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ YAE KYI OO CONSTRUCTION CO., LTD. နှင့် HYOJIN MYANMAR COMPANY LIMITED တို့အား ဖျက်သိမ်းရန် ကြော်ငြာချက်၊ ပီအိတ်ချ်အာအီး ကုမ္ပဏီလီမိတက် (PHRE Co., Ltd.) (အစုဝင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၂၀၈ (င) အရ အပြီးသတ် နောက်ဆုံး အစည်းအဝေး ဖိတ်ကြားခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND FUJITRANS CORPORATION (MYANMAR REPRESENTATIVE OFFICE) NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE၊ ရွှေယုန်မင်းကုမ္ပဏီလီမိတက် နှင့် AYE INTERNATIONAL CO., LTD.တို့အား မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ ကုမ္ပဏီဖျက်သိမ်းကြောင်း ကြော်ငြာခြင်း (မြီရှင်များသို့ သတိပေးချက်) ရွှေငွေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Electrum Public Company Limited)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကြော်ငြာစာ ပလူကွန်ပျူတာ ကုမ္ပဏီလီမိတက် (Pluton Computer Company Limited) အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။