ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၃၄)၊ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် MYANMAR SEAFOODS LIMITED (In Members' Voluntary Winding-up) Notice of Special Resolutions၊ ကရစ်စတီးနားအင်နိုဗေးတစ် (ဗ်) ဒက်လော့မဲန့် (တ်) ဆားဗစ်စစ်လီမိတက် (Kristina Innovative Development Service Limited) နှင့် ငွေပင်လယ် သင်္ဘော ဝန်ဆောင်မှု လီမိတက် (SILVER SEA SHIPPING AGENCIES LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၆ (၁) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်း ကြောင်း ကြေညာခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကြေညာစာ အမို့စ်မြန်မာဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Amos Myanmar Services Company Limited)၊ မဟာဆင်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Grand Elephant Trading Company Limited) နှင့် တော်ဝင် ဆင် ကုမ္ပဏီလီမိတက် (Grand Elephant Company Limited) တို့၏ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ၊ Notice YANGON MERCHANT STREET CENTRE COMPANY LIMITED နှင့် UNITED SPIRITS SINGAPORE PTE LTD. (MYANMAR BRANCH) (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ ပတ္တမြားနတ်သမီး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (RUBY ANGEL MINING COMPANY LIMITED) (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ MOBILE EMPIRE COMPANY LIMITED၊ MYANMAR SPICE COMPANY LIMITED၊ AEC MYANMAR CONSULTANT SERVICES COMPANY LIMITED နှင့် INTERNATIONAL TWIN BROTHERS CO., LTD တို့၏ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ် နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ အာကာသမြန်မာခရီးသွားလာရေး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (SPACE MYANMAR TOUR & TRAVEL INTERNATIONAL COMPANY LIMITED) (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအထွေထွေအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ SIPC Myanmar Company Limited Notice Under Section 208 (E) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ်
ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ
တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန်
စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ
(၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း
၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ
ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁-
၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။