ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၂၀)၊ ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံ တော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောငစုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် NOTICE UNDER SECTION 206 (1) OF THE MYANMAR COMPANIES ACT MYANMAR TECHMAT VENTURE LIMITED၊ ကီးစ် အင်တာနေရှင်နယ် (မြန်မာ) ကုမ္ပဏီလီမိတက် [KEYS INTERNATIONAL (Myanmar) Co.,Ltd.] အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့် ကြွေးများတောင်းခံရန် သတိပေးခြင်း၊ Advanced Technical Partner Co.,Ltd. (အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈(င) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ ရွိုင်ရယ်ဒီကို-တီဘီအက်(စ်)ပီ ကုမ္ပဏီလီမိတက် (ROYAL DECO-TBSP CO.,LTD.) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ GS NEOTEK MYANMAR CO.,LTD. ဖျက်သိမ်းရန်ကြေညာချက်၊ ကျောက်စိမ်းတောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ Thit Htoo Zin Finance Myanmar Co.,Ltd. (အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ) Final Meeting - နောက်ဆုံး အစည်းအဝေး ဖိတ်ကြားခြင်း၊ D' Moda Design Myanmar Co., Ltd. ကို အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာချက်၊ ဒါ မိသားစု သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (DAR FAMILY MINING COMPANY LIMITED)၊ မန္တလေး ရတနာများရှင် ကုမ္ပဏီလီမိတက် (MANDALAY YADANAR MYAR SHIN COMPANY LIMITED) နှင့် မန္တလေး အောင်မြင် ကုမ္ပဏီလီမိတက် (MANDALAY SUCCESS COMPANY LIMITED) တို့အား အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မာကော အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (MERCOR INTERNATIONAL COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ SANDAR PHYO CO.,LTD. ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ Tun Mingalar Co.,Ltd. (အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ) Final Meeting - နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ The Myanmar Companies Act Telenor Asia (IHQ) Ltd. (Myanmar Branch) (In Members' Voluntary Liquidation) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။