ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၈)၊ ၂၀၁၇ ခုနှစ် မေလ ၅ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် အလိုအလျောက်ကွန်ယက် ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (Auto Net Travels Company Limited) အပြီးသတ် ဖျက်သိမ်းနိုင် ရန်အတွက် နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ SHWE GOOD LIVE JEWELLERY COMPANY LIMITED နှင့် SILVER BRIDGE COMPANY LIMITED ဖျက်သိမ်းရန်ကြေညာချက်၊ STANDARD COMMERCIAL SYNDICATE LIMITED (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ သန်းကုန်သည်များ ကုမ္ပဏီလီမိတက် (Than Traders Company Limited) အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၀၈(င)အရ ကြေညာစာ ဒရင်း ဖက်ထရီ မီဒီယာ ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (Dream Factory Media Production Company Limited) (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ၊ ENBIZASIA COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ အိုင် အမ် အီး ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (I M E Gems & Jewellery Company Limited) အစုရှင်များ၏ ဆန္ဒအရ စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ - ၂၀၈ (E) အရ Myanmar Polyworld Co., Ltd. (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Seven Eight Nine Co.,Ltd. မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ (၂၀၆) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။