ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၆၉)၊ အမှတ် (၅၃)၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီး အဖွဲ့ အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ နေပြည်တော်ကောင်စီ ရုံးအမိန့်၊
အပိုင်း (၂) တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် နယူးမြန်မာချယ်နယ် ကုမ္ပဏီလီမိတက် (New Myanmar Channel Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကိုဒါရိုက်တာ အဖွဲ့ဝင်များ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် တရားဝင်ဖျက်သိမ်းခြင်း၊ ကမ္ဘာ့-တင်းပုတ် လုပ်ငန်းများ ကုမ္ပဏီလီမိတက်၏ ဖျက်သိမ်းရန် ကြေညာချက်၊ ASIA LIFE & BEAUTY TRAVEL & TOUR SERVICES COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ ဖြိုးသီဟကျော် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက် (မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်၊ CAS INTER NATIONAL TRADING CO., LTD. (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈(င)၊ မြန်မာစက်မှုလက်မှုလုပ်ငန်းများ ဦးပိုင်လီမိတက် (အစုရှယ်ယာရှင်များ ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အပြီးသတ်နောက်ဆုံးအစည်းအဝေးကျင်းပရန် ဖိတ်ကြားခြင်း) COMPANY LIQUIDATION VOLUNTARY LIQUIDATION OF GOMAX GLOBAL COMPANY LIMITED တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။