• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“အမ်းမြို့သို့ ရက်ပေါင်း (၁ဝဝ) နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်း”

စာအုပ်အမည် - “အမ်းမြို့သို့ ရက်ပေါင်း (၁ဝဝ) နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်း”

စာရေးဆရာအမည် - မျိုးမြင့်ကြိုင် (သင်)

တန်ဖိုး - ၃၅၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးသူ မျိုးမြင့်ကြိုင်(သင်)၏ “အမ်းမြို့သို့ ရက်ပေါင်း(၁ဝဝ)နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်း” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ရခိုင်ပြည်နယ်၊ ပင်လယ်ကမ်းရိုးတန်း ကမ်းခြေ၌မတည်ဘဲ ကုန်းတွင်းပိုင်း၌ တည်ရှိနေသည့် စာတစ်လုံးတည်းအမည်ရှိ “အမ်း” မြို့သည် ထူးခြားကြောင်း ရေးသားထားသည်။ ရခိုင်ကမ်းရိုးတန်းအလယ် တောင်ကုတ်ချောင်းအတိုင်း “တောင်ကုတ် တောင်ကြားလမ်း” မှ ပဲခူးတိုင်း ဒေသကြီးသို့ သွားနိုင်သလို ကမ်းရိုးတန်းရှိ ရေပုတ်မှ အမ်းမြို့ကိုဖြတ်၍ အမ်းတောင်ကြားလမ်းမှ မကွေးတိုင်းဒေသကြီးသို့ ပေါက်ရောက်သည်။ စာရေးသူ၏ ခရီးစဉ်သည် ကျွန်းစုမြို့ “ကျောက်ဖြူ” မှ သင်္ဘောဖြင့် ရေလမ်းတစ်တန် ထို့နောက် ကုန်းလမ်းတစ်လှည့် ခြေကျင်တစ်ခါ သွားရသည်။ အမ်းမြို့တွင် ရက်ပေါင်း (၁ဝဝ) နေထိုင်ခဲ့ရသည့် ကာလအတွင်း တွေ့ကြုံရသမျှ အပိုမချဲ့ လိုရင်းကိုသာ ရိုးစင်းပြေပြစ် သော အရေးအသားဖြင့် တင်ပြထားသည်။

နောက်ထပ်သွားသည့်နေရာကား ရခိုင်ပြည်နယ်၏ မြောက်ဘက်အစွန် (ယခင်မောင်းတော) မောင်တောမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်သည် နိုင်ငံ၏ မြောက်နှင့်တောင် ဘင်္ဂလားပင်လယ်အော်ကို ခြေကန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း  ဒေသကြီး စသည်တို့နှင့် ဆက်စပ်တည်ရှိနေသည်။ ခရီးစဉ်ကား စစ်တွေမှ ဘူးသီးတောင်သို့ ရေလမ်း၊ ဘူးသီးတောင်မှ မောင်တောသို့ ကုန်းလမ်းစသည်ဖြင့် သွားရသည်။ “စိုင်းတင်ရေတံခွန်” သို့မူ ဘူးသီးတောင်မှ မော်တော်ဘုတ်ဖြင့် သွားရသည်။ ထိုခရီးစဉ်ကိုလည်း အသေးစိတ်ရေးသားထားသည်။

“ရိုးမပေါ် ဖြတ်ကျော်ကာလေ” ခေါင်းစီးတပ် ခရီးစဉ်မှာလည်း တွေ့ကြုံရသမျှ အသေးစိတ် ရေးသားထားသည်။ မကွေးမြို့အထိ ဆွဲဆောင်ခေါ်ယူသွားသည့် ခရီးစဉ်ဖြစ်သည်။ “ခရီးတွင် တွေ့ကြုံ ရသော အခက်အခဲကို စိတ်ပျက် အားလျှော့မနေဘဲ ကိုယ့်အတွေ့အကြုံ အကြံဉာဏ်အတိုင်း ကြိုးစား ဆောင်ရွက်သွားလျှင် ခရီးဆုံးသို့ ရောက်ရှိသွားပေမည်” ဟူသော ရေးသားချက်မှာ ကောင်းမွန်သည်။ “အမြင်အတွေးဖြင့် ခရီးသွားခြင်း” နှင့် “ဝါသနာကို” တို့မှာလည်း အလှကိုယ်စီရှိသော စာများဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman