• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္ထုတိုများ”

စာအုပ်အမည် - “နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္ထုတိုများ”

စာရေးဆရာအမည် - မင်းလပြည့် (ဟားခါး)

တန်ဖိုး - ၄၀၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ  မင်းလပြည့်(ဟားခါး)၏ “နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝတ္ထုတို(၁၆)ပုဒ် ပါဝင်သည်။ ချင်းပြည်နယ်၏ သဘာဝအလှ၊ ထုံးဓလေ့များနှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းကို ဝတ္ထုတိုတစ်ပုဒ်ချင်း ရေးဖွဲ့ထားသည်။ ချင်းတောင်၌ မြူနှင်းများ ဖွေးဖွေးလှုပ်ပြီး တောင်ဇလပ်ပန်းနီနီများ ဖူးပွင့်နေကြပုံ၊ နွေရာသီ ၊ မိုးရာသီတွင် စွယ်တော် ပန်း အဖြူများ လန်းဆန်းနေကြပုံ၊ ထင်းရှူးနံ့ သင်းပျံ့နေကြပုံများနှင့်အတူ “ရိပ်မြုံ” ဝတ္ထုတိုတွင် မြေသယံဇာတများ ပေါများသော ချင်းပြည်နယ်ထဲ၌ အဖိုးတန်သစ်မျိုးစုံအပြင် ဝဥပင်များနှင့် မျောက်ငို ပင်များကို စိုက်ပျိုးကြပြီး နိုင်ငံခြားဝင်ငွေ ရရှိတိုးပွားပုံများ၊ ပြည်ပကို အထင်ကြီး အားကိုးမနေကြဘဲ ကိုယ့်အမိမြေကို တန်ဖိုးထားကြရေး၊ ဒေါသကို မေတ္တာနှင့် ထိန်းရပြီး ဘဝကို အသိနှင့်ထိန်းကာ လမ်းမှန် ပေါ်သို့ ရောက်ရှိရေး၊ “ အလှဆင်သူများ ” ဝတ္ထုတိုတွင် တောင်မြေပြိုမှု ဘေးအန္တရာယ်များမှ ကာကွယ်ခဲ့ ကြသော ချင်းတိုင်းရင်းသား လူငယ်များကို ဂုဏ်ပြုသည့်အနေဖြင့် လောကကြီးကို သဘာဝအလှအပ များနှင့် အလှဆင်သကဲ့သို့ ပရဟိတ အကျိုးဆောင်သော လူငယ်များနှင့်လည်း အလှဆင်နိုင်ကြောင်း၊ “ငါနှင့် ငါ့မြေ” ဝတ္ထုတိုတွင် “ဇာတိချင်းမြေ၊ ငါ့ဌာနေကို၊ သေသော်မခွဲ၊ ငါစိတ်စွဲလည်း” ဟု ဇာတိသွေး ဇာတိမာန်ထက်သန်စွာဖြင့် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် ချင်းတိုင်းရင်းသားလူငယ်တစ်ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်အပါအဝင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြသော ချင်းတိုင်းရင်းသား မျိုးချစ်ခေါင်းဆောင် များ၏ မျိုးချစ်စိတ်ဓာတ် စသည်ဖြင့် လောကဇာတ်ခုံပေါ်မှ ထုံးဓလေ့နှင့် ဘဝမျိုးစုံကို ဆွဲဆောင်မှုရှိစွာ ‌ရေးဖွဲ့ထားသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • စာမူများ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • စာပေရေချမ်းစင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • စာအုပ်များ
  • ရွှေသွေး
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman