''ဒေါက်တာမြင့်သန်း (ညောင်လေးပင်)'' ရေးသားသည့် ''မြို့ကြီးများနှင့် ကျန်းမာရေးပြဿနာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဒေါက်တာမြင့်သန်း (ညောင်လေးပင်)'' ၏ ''မြို့ကြီးများနှင့် ကျန်းမာရေးပြဿနာများ'' စာမူတွင် မြို့ပြများဖြစ်ပေါ်တိုးတက်လာပုံ၊ တည်ဆောက်လာပုံနှင့်အတူ ဆက်စပ်အခြေအနေများ၊ ပြဿနာများကို အကိုးအထောက်များစွာအားပြုတင်ပြထားရာ မျက်မှောက်ခေတ် ကမ္ဘာ့မြို့ပြများ အခြေအနေနှင့် အနာဂတ်အရေး တွေးဆလိုသူများအတွက် သုတစုံလင်သည့် မြို့ပြဆိုင်ရာ ဟင်းတစ်ခွက်ကို အရသာပြည့်စွာ အာဟာရဖြည့်စွမ်းနိုင်မည်ဖြစ်သည်။
မြို့ကြီးများနှင့် ကျန်းမာရေး၊ တိုက်ခန်းယဉ်ကျေးမှု၊ မြို့ကြီးများနှင့် လေထုညစ်ညမ်းမှု၊ မြို့ကြီးများနှင့် အပူချိန်မြင့်မားလာမှု၊ မြို့ပြများနှင့်သစ်ပင်များ စသည့်အကြောင်းအချက်များကို တစ်ခန်းစီ၊ တစ်ကန့်စီ ဖော်ပြထားသည့်အတွက် စာကြည့်တိုက်တိုင်း၊ အိမ်တိုင်းကိုယ်စီ၏ စာအုပ်စင်တိုင်းတွင် ထားရှိဖတ်ရှုသင့်သည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို
အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၁၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။