“နွေကံ့ကော် (မြို့လှ)” ရေးသားသည့် “သားသို့ ပေးစာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“သားသို့ ပေးစာများ” စာအုပ်တွင် ပေးစာအမှတ် (၁) မှ ပေးစာအမှတ် (၂၁) အထိ သားသို့ပေးစာ ၂၁ စောင်ပါရှိပြီး ၎င်းပေးစာများသည် လူငယ်တစ်ဦး လျှောက်လှမ်းရမည့်လမ်းကို ညွှန်ပြထားသကဲ့သို့ အောင်မြင်မှုရရှိရေးအတွက် လမ်းပြမြေပုံကိုလည်း ဖွင့်ပြထားသည်။ မိဘက သားသမီးအပေါ် ထားရှိသည့် မေတ္တာတရား၊ သားသမီးအတွက် အလိုလိုဖြစ်ပေါ်လာသော စိတ်ဓာတ်ခွန်အားများ၊ လူတစ်ဦးနှင့်တစ်ဦး ထားရှိအပ်သည့် ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ရုပ်ရှင်ဇာတ်ကား၊ တေးသီချင်းများ၊ ဘောလုံးပွဲများမှ သင်ခန်းစာယူဖွယ်၊ အတုယူဖွယ်များကိုလည်း ဖွင့်ဆိုရေးဖွဲ့ထား သည့်အပြင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ရေး၊ ခြိုးခြံ ချွေတာရေး၊ မိတ်ဆွေကောင်းများနှင့် အတူနေထိုင်ရေး၊ အကောင်းမြင်စိတ်ထားရှိရေး စသည်ဖြင့် လူငယ်တစ်ဦးအတွက် တိုးတက်အောင်မြင်ရေးလမ်းညွှန်များကို သားကို မှာကြားသည့်ဟန်ဖြင့် ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။