“မောင်နေခြည် (ပြည်)” ရေးသားသည့် “ပွင့်သောပန်းတို့ အလန်းဆုံးဝေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပွင့်သောပန်းတို့ အလန်းဆုံးဝေ” စာအုပ်တွင် အပေါင်းအသင်းပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် ဘဝလမ်းပြောင်းသွားခဲ့သည့် လူငယ်တစ်ဦး၏ဘဝ၊ ခက်ခဲကြမ်းတမ်းသည့်ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပုံ၊ ဘဝလမ်းမှန်ပေါ်ရောက်အောင် ကူညီစောင့်ရှောက်သူနှင့် ကြုံတွေ့ရပြီး မိမိကိုယ်တိုင် ကလည်း လမ်းမှန်ပေါ်တက်ရောက်ချိန် ဘဝဆစ်ချိုးဝယ် အကောင်းလောကဓံ ခံစားရပုံတို့ကို စိတ်ဝင်စားဖွယ် သရုပ်ဖော်ရေးသားထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။