“ဇွဲသန်းသျှင်း (သုံးဆယ်)” ရေးသားသည့် “ပီမိုးနင်းစာများကပြောသည့် ပီမိုးနင်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပီမိုးနင်းစာများကပြောသည့် ပီမိုးနင်း” စာအုပ်တွင် မြန်မာစာပေဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ ပေးနိုင်သည့် ပီမိုးနင်း၏ စာပေများကို အချိန်ယူ၍ အထောက်အထား၊ ကျမ်းကိုး၊ မှတ်စုတို့ဖြင့် စနစ်တကျ လေ့လာသုံးသပ်တင်ပြထားသည်။ မြန်မာဝတ္ထုတိုသမိုင်းတွင် ချန်လှပ်ထား၍မရသည့် ဆရာကြီးပီမိုးနင်း၏ စာပေများ၊ ဆရာကြီး၏အယ်ဒီတာဘဝ၊ ရုပ်ရှင်နယ်ပယ်ရောက် ဆရာပီမိုးနင်း ဘဝ၊ ဘဝဖြစ်စဉ်ရက်စွဲများအပါအဝင် ဆရာကြီး၏ ဘဝရုပ်ပုံလွှာကို သရုပ်စုံစွာ ဖော်ပြထားသည့် သုတပဒေသာ (ဝိဇ္ဇာ) စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။