“ထက်ခိုင်” ရေးသားသည့် “စေတနာလမ်းက လျှောက်ခဲ့ပါ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ယင်းစာအုပ်သည် ချည်မျှင်၊ အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်) စီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာထမ်းတစ်ဦး၏ ဝန်ထမ်းဘဝအတွေ့အကြုံများကို ရွှင်ရွှင်သွက်သွက် ရေးဖွဲ့ထားပြီး ၎င်းအရာထမ်းသည် ရောက်ရာနေရာ၌ ကျရာတာဝန်များကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သူဖြစ်သည့်အပြင် မိမိတာဝန် ကျရာစက်ရုံ၊ ဌာနအလိုက် ဝါရောင်းတောင်သူများ၊ လက်အောက်ဝန်ထမ်းများကို စေတနာအရင်းခံ ထားပုံ၊ စာနာဖေးမခဲ့ပုံ၊ စည်းရုံးသိမ်းသွင်းမှုဖြင့် လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ပုံ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲထက် အလုပ်တာဝန်ကို အလေးထား ဆောင်ရွက်ခဲ့ပုံ၊ ဝန်ထမ်းဘဝ၏ လောကဓံအနိမ့်အမြင့်ကို ကျေနပ်စွာခံယူ၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံတို့ကို ပေါ့ပါးသွက်လက်သော အရေးအသားဖြင့် စိတ်ဝင်စားဖွယ် အတုယူ အားကျဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။