“စေတနာလှိုင် (ရေစကြို)” ရေးသားသည့် “မြန်မာမှုကျောက်ဆစ်အနုပညာ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“စေတနာလှိုင် (ရေစကြို)” ၏ “မြန်မာမှုကျောက်ဆစ်အနုပညာ'' စာအုပ်သည် မြန်မာမှုအနုပညာ ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းတမော့ခေါ ကျောက်ဆစ်အနုပညာ အကြောင်းကို သုတေသနပြုရေးသားထားသည့် စာမူဖြစ်သည်။
ကျောက်ခေတ်နှင့်ကျောက်ဆစ်အနုပညာ၊ ကျောက်ခေတ်နှင့် ကျောက်စာ၊ ပုဂံခေတ် ကျောက်ဂူဥမင်နှင့် ကျောက်ဆစ်အနုလက်ရာများ၊ မြန်မာ့ကျောက်ဆစ်ရုပ်ပွားတော်များ၏ ဟန်ပန်အနေအထား၊ မြောက်ဦးမြို့၊ ဇာလီတောင်ဥမင်၊ ပဲခူး၊ မုံရွာ၊ ပုသိမ်၊ ကော့ဂွန်းဂူ စသည့်ဒေသတို့မှ ကျောက်ဆစ်အနုလက်ရာများကို စုံလင်စွာ သုတေသနပြုရေးသားထားသည်။ ကျောက်ခေတ်မှသည် ယနေ့ခေတ်တိုင် ကျောက်ဆစ်အနုပညာ ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်ကို နှောင်းလူများ အလွယ်တကူကိုးကားနိုင်စေရန် တင်ပြထားရာ စာအုပ်စင်တိုင်းထားရှိသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။