“ကိုတူး (သာယာမြိုင်)” ရေးသားသည့် “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ကိုတူး (သာယာမြိုင်)” ၏ “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ” စာအုပ်သည် အဝတ်အထည်များပေါ်တွင် တံဆိပ်ရိုက်သည့် ပုံနှိပ်လုပ်ငန်းကို အခြေခံမှစ၍ လက်တွေ့ဆောင်ရွက်ပုံ အဆင့်ဆင့်ကို သာမန်စာဖတ်ပရိသတ်များ နားလည်လွယ်အောင် ရှင်းလင်းရေးသား တင်ပြထားသည်။ ဒီဇိုင်း၊ အရောင် ရွေးချယ်မှုများအထိ လမ်းညွှန် အကြံပေးထားပြီး တစ်နိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေသူများအတွက် လည်း လက်တွေ့အသုံးချနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။