''ပန်းတနော်ခင်မောင်မြင့်'' ရေးသားသည့် ''ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေး'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ပန်းတနော်ခင်မောင်မြင့်'' ၏ ''ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေး'' စာမူ တွင် မြန်မာနိုင်ငံအတွက် အရေးတကြီးဖြေရှင်းရန် လိုအပ်နေသည့် စွမ်းအင်ပြဿနာကို လက်တွေ့ကျကျ လေ့လာတင်ပြထားသော စာမူဖြစ်ပါသည်။ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးအနက် ကျောက်မီးသွေးဖြစ်ပေါ်လာပုံ၊ တူးဖော်ပုံ ရရှိသောကျောက်မီးသွေးအမျိုးအစားများ၊ ကျောက်မီးသွေး မှ လျှပ်စစ်ထုတ်ယူပုံ အဆင့်ဆင့်ကို အသေးစိတ်ခြယ်မှုန်းထားသည်။ ကျောက်မီးသွေး၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ပြီး ကျောက်မီးသွေးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေသော်လည်း အခြားလောင်စာများနှင့်စာလျှင် အကုန်အကျသက်သာပြီး ကမ္ဘာ့နိုင်ငံအတော်များများ၌ အလွယ်တကူရရှိနိုင်၍ တရုတ်၊ အမေရိကန်၊ အိန္ဒိယအပါအဝင် နိုင်ငံအသီးသီး၌ ပတ်ဝန်းကျင်ထိခိုက်မှုနည်းအောင် သန့်ရှင်းသော ကျောက်မီးသွေးသုံးစွဲပမာဏ လျော့ကျခြင်း မရှိသေးပုံကို တင်ပြသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊
ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။