“မောင်ဟန်တင့် (ပင်လည်ဘူး)” ရေးသားသည့် “စိန်စီသောမြစ်နှင့် အခြားကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မောင်ဟန်တင့် (ပင်လည်ဘူး)” ၏ “စိန်စီသောမြစ်နှင့် အခြားကဗျာများ” စာအုပ်တွင် ကဗျာပုဒ်ရေ ၆၀ ပါဝင်ပြီး ရှေးစာဆိုများ၏ ဂုဏ်အထူးကို ညွှတ်နူးသည့် ကဗျာများအပြင် ကာလဒေသပယောဂနှင့် ယှဉ်၍ ဆင်ခြင်တွေးဆအပ်သည့် အကြောင်းအချက်များ၊ ကိုယ်ကျင့်တရားနှင့် မိဘမေတ္တာဖွဲ့၊ ရွာအလွမ်းဖွဲ့၊ စစ်၏အနိဋ္ဌာရုံနှင့် သွေးစည်းညီညွတ်ရေးတို့ကို ကာရန်မိမိ၊ အလင်္ကာ၊ ဂုဏ်မြောက်စွာ ဖွဲ့နွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၃၁၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။